Burmese Subtitle

Cynthia Erivo

Harriet (2019) 6.3
Harriet (2019) ၁၈၄၀ ခုနှစ်မှာ လူဖြူ လူမည်း ခွဲခြားဆက်မှုတွေနဲ့ လူမည်းတွေအပေါ် ကျွန်အဖြစ် ပြုမူဆက်ဆံကြတာအားလုံး သိကြမှာပါ….Harriet Tubman ဆိုတဲ့ လူမည်းမိန်းကလေးတစ်ယောက်က ဒီလိုကျွန်အဖြစ်ဆွေစဉ်မျိုးဆက် ပြုခံနေရတဲ့သူတွေထဲ တစ်ယောက်အပါအဝင်ပေါ့…သူမဟာ ဒီလို ခါးသီးတဲ့ဘဝကို စိတ်ပျက်လို့ ကျွန်လုပ်ပေးနေရတဲ့ အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်… သို့ပေမယ့် ကျွန်အဖြစ်ကျန်ခဲ့တဲ့ မိသားစုကို ပစ်မထားခဲ့ရက်လို့ အားနွဲ့သော မိန်းမသားဖြစ်လင့်ကစား အရင်းရှင်လက်နက်ကိုင် လူကြမ်းတွေကိုရင်ဆိုင်ပြီး ပြန်လည်သွားရောက်ကယ်ဆယ်ဖို့ ကြိုးစားပါတော့တယ်…ဒီရုပ်ရှင်ဇာတ်ကားဟာ လူမည်းအမျိုးသမီး Harriet Tubman အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်…သူမရဲ့ စစ်ဆင်ရေးအလား ကြိုးစားခဲ့တဲ့ ဖြစ်ရပ်ပေါင်းများစွာပါခဲ့သလို ကယ်ခဲ့တဲ့ လူတွေများစွာကိုလည်းတွေ့ရပါလိမ့်မယ်…. Review Credit to CM
6.3
IMDB: 6.3/10 10,344 votes
movie

Harriet (2019)

2019
BluRay 1080p 6CH
Widows (2018) 7.3
Widows (2018) ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ ပရိသတ်တွေအတွက် အက်ရှင်ဇာတ်ကားလေး ဖော်ပြလိုက် ပါတယ်။ ၂၀၀၈ မြင်ကွင်းနဲ့အတူ နာ မည်ကြီးဖောက်ထွင်းရေးသမား ဟယ်ရီရောလင်းနဲ့ လုပ်ဖော်ကိုင် ဖက်တွေဖြစ်တဲ့ ကာလို့စ်၊ ဖလို ရက်နဲ့ ဂျင်မီတို့ဟာ ချီကာဂိုမှာ ဖောက်ထွင်းမှုတစ်ခု အတူလုပ် ကြရင်း ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ ခင်ပွန်းသည်တွေ သေဆုံး ကုန်တဲ့အတွက် ဗာရွန်နီကာ၊ လင်ဒါ၊ အဲလစ်နဲ့ အမန်ဒါတို့ဟာ ဘာ ရပိုင်ခွင့်မှမရဘဲ အကြွေးတွေနဲ့ကျန်ရစ်ခဲ့ပါတယ်။ ဟယ်ရီဖောက်ထွင်းခိုးယူခဲ့ လို့ ဆုံးရှုံးခဲ့ရတဲ့ ဒေါ်လာနှစ်သန်း ပြန်ပေးဖို့ လူဆိုးဂိုဏ်းခေါင်း ဆောင် ဂျာမယ်မန်နင်းက ဟယ်ရီ ရဲ့ဇနီး ဗာရွန်နီကာကို ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။ ဗာရွန်နီကာဟာ ခင်ပွန်း သည် ဟယ်ရီရဲ့ မှတ်တမ်းစာအုပ် ကိုကြည့်ရင်း ဖောက်ထွင်းဖို့ လုပ် ထားတဲ့ အသေးစိတ်အစီအမံတွေ ကို တွေ့ခဲ့တာမို့ ငွေလိုနေတဲ့ သူ့ အတွက် အခွင့်အလမ်းတစ်ခုဖြစ် လာခဲ့ပါတယ်။ ...
7.3
IMDB: 7.3/10 31,016 votes
movie

Widows (2018)

2018
BluRay 1080p 6CH