Burmese Subtitle

Christopher Kirby

Dora and the Lost City of Gold (2019) 6.0
Dora and the Lost City of Gold (2019) 2019 ရုံတင်ကား အသစ်လေးတင်ပေးထားပါတယ်။ စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။ ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။ အဓိကကတော့ စွန့်စားခန်းတွေ ပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။ ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာ နေပြီးလေ့လာရေးလုပ်ကြပါတယ်။ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။ တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီး သူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။ ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှ ဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ Review Credit
6.0
IMDB: 6.0/10 9,229 votes
movie

Dora and the Lost City of Gold (2019)

2019
BluRay 1080p 6CH
Upgrade (2018) 7.6
Upgrade (2018) Action ကြမ်းကြမ်းလေးနဲ့ နောက်ဆုံးထွက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ၂၀၁၈အတွင်းမှာပဲထွက်​ခဲ့တဲ့ Bruce Willisကြီးရဲ့ Dead Wishကို အားလုံးနီးပါး ကြည့်​ပြီးကြပြီထင်​ပါတယ်​။ မိန်းမကို သတ်​ပြီး သမီးကို စုတ်​ပြတ်​သတ်​​​အောင်​လုပ်​သွားတဲ့ ဓားပြ​တွေကို ခွဲစိတ်​ဆရာဝန်​တစ်​​ယောက်​က မသိမသာနဲ့ စုံစမ်းပြီးလက်​စားပြန်​​ချေခဲ့ပါတယ်​။ အဲ့ကား​လေးနဲ့ ဆင်​တူတဲ့ကား​လေးလာပါပြီ။ ဒါမဲ့ Science Fiction​တော့ ဆန်​သွားပါပြီ ဘာအလုပ်​အကိုင်​မှမရှိ တစ်​​နေကုန်​အိမ်​မှာ ကား​တွေကို ကလိ​နေတဲ့လူတစ်​​ယောက်​ တစ်​​နေ့ သူ့ဇနီးနဲ့ မြို့ထဲ ကား​မောင်းထွက်​တုန်း ဘယ်​ကမှန်းမသိတဲ့လူဆိုး​တွေ ​ပေါ်လာပြီး သူ့ဇနီးကိုသတ်​ သူ့ကိုဒုက္ခိတဖြစ်​​အောင်​လုပ်​သွားခဲ့တယ်​ ကျန်တာကိုတော့ ဆက်ကြည့်ကြည့်ပေးပါ အယ့်လယ်....... File Size – 1.61GB Quality – Blu-Ray 1080p 5.1CH Running Time – 1h 40min Format – mp4 Genre –  Action, Horror, Sci-Fi Translator – Nokime Kugachichiki Encoded By – Sai Wunna [BS]
7.6
IMDB: 7.6/10 33,454 votes
movie

Upgrade (2018)

2018
BluRay 1080p 6CH