Burmese Subtitle

Brian Howe

Annabelle: Creation (2017) 6.6
Annabelle: Creation (2017) ၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။ အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် ...
6.6
IMDB: 6.6/10 75,247 votes
movie

Annabelle: Creation (2017)

2017
BluRay 1080p 6CH
Evan Almighty (2007) 5.4
Evan Almighty (2007) ဒီကားကတော့ ရှေ့က Bruce Almighty ရဲ့ Sequelဆိုပေမယ့် ဘာမှမသက်ဆိုင်တဲ့ Standalone sequelပါ။သူ့ချည်းသက်သက်ကြည့်လည်းရပါတယ်။ ဇာတ်လမ်းအညွှန်း​ပြောရမယ်ဆိုရင်တော့ သတင်းတင်ဆက်သူ Presenter Evan Baxterဟာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီး ဗာဂျီးနီးယားက Prestige crestကိုမိသားစုလိုက် အိမ်ပြောင်းလာပါတယ်။ သူဟာ လွှတ်တော်အမတ်ရွေးခံရဖို့မဲဆွယ်တဲ့အခါတိုင်း ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက် အချိန်တန်ပြီလို့ပြောပြီးမဲဆွယ်ပါတယ်။ နောက်ပြီးတော့ Godဆီမှာ ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက် အကူအညီပေးပါလို့ဆုတောင်းပါတယ်။ နောက်တစ်နေ့မနက်မှာတော့ သူ့ရဲ့နှိုးစက်ဟာ၆နာရီ၁၄မိနစ်မှာရပ်နေပါတယ်။ သူ့အိမ်ရှေ့ကိုလည်း သစ်သားချောင်းတွေရောက်နေပါတယ်။ အဲ့သစ်သားတွေပေါ်မှာ Godကပေါ်လာပြီး လှေကြီးတစ်စီးကိုတည်ဆောက်ဖို့ပြောပါတယ်။ Godဟာ ကမ္ဘာဦးတုန်းက နောဧကို ကမ္ဘာကြီး ရေလွှမ်းတော့မှာမို့ လှေကြီးတစ်စီး တည်ဆောက်ခိုင်းခဲ့သလိုပါပဲ။ အခုလည်း ရေလွှမ်းတော့မှာမို့ Evan Baxterကိုခိုင်းတာပါ။ Evanကတော့လက်မခံခဲ့ပါဘူး။ ရုံးကိုသွားတော့လည်း သူကြုံသမျှနေရာတိုင်းမှာ ၆ ၁၄ ဂဏန်းတွေကြီးစိုးနေပါတော့တယ်။ တကယ်တော့ အဲ့ဂဏန်းတွေဟာ- "ကမ္ဘာဦးကျမ်း အခန်း ၆ အပိုဒ်၁၄ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။ " ဆိုတဲ့စာသားကို ဆိုလိုမှန်းသူသိသွားခဲ့တယ်။ သူ့နောက်ကို တိရစ္ဆာန်ပေါင်းများစွာ အဖိုနဲ့အမတစ်စုံစီ သူသွားလေရာ ...
5.4
IMDB: 5.4/10 133,929 votes
movie

Evan Almighty (2007)

2007
BluRay 1080p 6CH
The Pursuit of Happiness (2006) 8.0

The Pursuit of Happiness (2006)

2006
BluRay 1080p 6CH
Déjà Vu (2006) 7.1
Déjà Vu (2006) 2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောင်္တစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောင်္ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောင်္တစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောင်္ဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇ၀တ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. (အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။) File Size – 2.01 GB Quality- BluRay 1080p 6CH Running Time – 2hr 06min Format – mkv Genre ...
7.1
IMDB: 7.1/10 270,575 votes
movie

Déjà Vu (2006)

2006
BluRay 1080p 6CH
Catch Me If You Can (2002) 8.1
Catch Me If You Can (2002) ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့ မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖန်စီကားတစ်ကားဖြစ်ပေမယ့် ပညာရစရာတွေ များသလို ကြည့်လည်းကြည့်သင့်တဲ့ကားပါ။ မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလို သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်း ဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဥာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ် လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချ နိုင်ခဲ့တဲ့ Carl Hanratty အဖြစ် Tom Hanks ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ...
8.1
IMDB: 8.1/10 681,006 votes
movie

Catch Me If You Can (2002)

2002
BluRay 1080p 6CH