Burmese Subtitle

Bonnie Hunt

Jumanji (1995) 7.0
Jumanji (1995) ကျွန်တော်တို့ငယ်ငယ်လေးတုန်းကကြည့်ခဲ့ဖူးတဲ့ Jumanji (1995)ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ကောင်လေးနှစ်ယောက်က သစ်တောကြီးထဲမှာ တစ်ခုခုကိုမြုပ်နှံဖို့ကြိုးစားနေပါတယ်။ သူတို့မြုပ်နှံမယ့်အရာကဘာလဲဆိုတာကတော့ ကျွန်တော်တို့အားလုံးသိကြတဲ့ Jumanji လို့ခေါ်တဲ့ကစားနည်းစာအုပ်ပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အယ်လန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ Jumanji လို့ခေါ်တဲ့ ကစားနည်းစာအုပ်ကို ရှာတွေ့ခဲ့ပါတယ်။ အိမ်ကိုယူသွားပြီးတော့ သူ့သူငယ်ချင်းကောင်မလေးဖြစ်တဲ့ ဆာရာနဲ့ဆော့ဖို့တိုင်ပင်နေတုန်းမှာ ဆာရာက Jumanji ထဲမှာပါတဲ့ အံစာတုံးနှစ်တုံးကို အမှတ်တမဲ့ပစ်ချလိုက်ရာကနေ ကစားနည်းဟာအသက်ဝင်သွားပါတော့တယ်။ Jumanji ရဲ့စည်းကမ်းချက်ကတော့ စဆော့မိပြီဆိုရင် ပြီးဆုံးသည်တိုင်အောင်ဆော့ရပါမယ်တဲ့။ အယ်လန်ဆိုတဲ့ကောင်လေးက အံစာတုံးခေါက်လိုက်မိနေရာကနေ နံပတ် ၅ဒါမှမဟုတ် နံပတ် ၈ ကို တစ်ခြားတစ်စုံတစ်ယောက်က မခေါက်မိမချင်း တောထဲမှာနေရပါမယ်တဲ့။ ဆာရာကတော့ ထွက်ပြေးသွားပြီးတော့ နောက်နှစ်အနည်းငယ်အကြာမှာ အဲ့အိမ်ကိုတစ်စုံတစ်ယောက်ရဲ့ မိသားစုတွေကပြောင်းလာပါတယ်။ အဲ့မှာ အဲ့မိသားစုက မောင်နှမနှစ်ယောက်က ထိုကစားနည်းကိုဆက်ကစားပြီးတော့ အယ်လန်ကို ပြန်ခေါ်လိုက်မိပါတယ်။ အဲ့မှာ သူတို့တွေအားလုံး ဘယ်လိုကြောက်မက်ဖွယ် စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေနဲ့ကြုံတွေ့ရမယ်ဆိုတာ... အားလုံးပဲဇာတ်ကားလေးထဲမှာကြည့်ရှူလိုက်ကြရအောင်ဗျာ...။ #Credit
7.0
IMDB: 7.0/10 285,243 votes
movie

Jumanji (1995)

1995
BluRay 1080p 6CH
Toy Story 4 (2019) 8.1
Toy Story 4 (2019) [Unicode] ဒါရိုက်တာ Josh Cooley ရိုက်ကူးထား၍ John Lasseter, Andrew Stanton တို့က ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားကာ အသံသရုပ်ဆောင် Tom Hanks, Tim Allen, Annie Potts တို့ ပါဝင် သရုပ်ဆောင်ထားသော Animation, Adventure, Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… ဝုဒီ နဲ့ အဖွဲ့ဆီကို အရုပ်သစ်ကလေး ဖော်ကီ ရောက်လာ တဲ့အခါ သူငယ်ချင်း အသစ်နဲ့ အဟောင်းအဖွဲ့ဟာ လမ်းမပေါ်မှာ လျှောက်သွားကြရင်း ကမ္ဘာလောကဆိုတာ အရုပ်တစ်ရုပ်အတွက် အရမ်းကို ကြီးမားကျယ်ပြန့် ကြောင်း သိလာတဲ့အခါ ဘယ်လို စွန့်စားခန်းဟာသတွေ တွေ့ရမလဲ ဇာတ်ကားမှာဆက်လက်ကြည့်ရှုခံစား ကြည့်ကြပါခင်ဗျာ… Review Credit to FoF [Zawgyi] ဒါရိုက္တာ Josh Cooley ရိုက္ကူးထား၍ John Lasseter, Andrew ...
8.1
IMDB: 8.1/10 96,147 votes
movie

Toy Story 4 (2019)

2019
BluRay 1080p 6CH
Toy Story 3 (2010) 8.3
Toy Story 3 (2010) Toy Story ဟာ ကျနော်တို့ မျိုးဆက်အတွက် တော့ ငယ်ဘဝဖြစ်ခဲ့ပါတယ်။ တစ်သက်လုံးလည်း Andy Woody Buzzlight Year တို့ကို မေ့ရနိုင်မယ် မထင်ပါဘူး။ ထွက်ခဲ့တဲ့ သုံးကားလုံးဟာ စိတ်ကြည်နူးဖွယ် ကောင်းပေမယ့် နောက်ဆုံးထွက်ခဲ့တဲ့ Toy Story 3 ကတော့ ရင်ထဲအထိဆုံးပါပဲ။ ဒီကားမှာ Andy ဟာလည်း တော်တော်လေး ကြီးနေပြီဖြစ်ပြီး သူရဲ့ အရုပ်တွေကို မှားပြီးတော့ Day Care centre တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့မှာ တော်တော်လေး ဆိုးတဲ့ အရုပ်တွေလက်ကနေရုံးထွက်ခဲ့ရပြီးနောက် နောက်ဆုံးခန်းမှာ Andy ဟာ သူရဲ့အရုပ်တွေကို ကောင်မလေးတစ်ယောက်ကို ပေးခဲ့ပါတယ်။ ပေးပြီးတော့ အဲ့ကောင်မလေးနဲ့ အတူတူ အရုပ်တွေနဲ့ ကစားလိုက်ပါသေးတယ်။ ဒီလိုကစားတာဟာ Andy အတွက် Woody Buzz တို့နဲ့နောက်ဆုံးကစားတာဖြစ်တဲ့ အပြင် ကျနော်ကလေးဘဝရဲ့ ...
8.3
IMDB: 8.3/10 655,166 votes
movie

Toy Story 3 (2010)

2010
BluRay 1080p 8CH
Monsters University (2013) 7.3
Monsters University (2013) Animation, Adventure, Comedy အမျိုးအစား ကျနော်အရမ်းကြိုက်တဲ့ Animation ဇာတ်ကားလေးပါ.. IMDb မှာ Ratings: 7.4/10 ရရှိထားပါတယ်. ဇာတ်လမ်းကတော့ မွန်းစတားတက္ကသိုလ်ရဲ့ခြောက်လှန့်ခြင်းမေဂျာမှာ ကြောက်စရာမကောင်းတဲ့ မိုက် ဆိုတဲ့မွန်းစတားကောင်လေးတယောက်ရဲ့ ခြောက်လှန့်သူတယောက်အဖြစ် ကြိုးစားအားထုတ်ပုံကို ကလေးငယ်တွေအတုယူစရာကောင်းလှအောင် တွေ့ရမယ့်ဇာတ်ကားလေးပါ.. မကြည့်ရသေးရင် ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်သလို ကလေးရှိတဲ့ မိသားစုတွေဆိုရင်တော့ ကလေးငယ်တွေအငြိမ်ကြည့်မယ့်ဇာတ်ကားလေးပါ.. Review Credit to Original File Size – 1.64 GB Quality- Blu Ray 1080p 6CH Running Time – 1hr 43min Format – mkv Genre – Action, Adventure, Comedy Subtitle – Myanmar (Hard Sub) Translator – Arkar Kyaw Encoded By – K#/4nt_M1nn_K0
7.3
IMDB: 7.3/10 280,878 votes
movie

Monsters University (2013)

2013
BluRay 1080p 6CH
Cars (2006) 7.1
Cars (2006) ဒီဇာတ်ကားလေးကတော့ IMDB 7.1 ရရှိထားတဲ့ Animation ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ အလန်းစား ပြိုင်ကားသမားလေး Lightning McQueen တစ်ယောက်အကြောင်းအခြေခံရိုက်ကူးထား တာဖြစ်ပြီးတော့ ဘဝင်လေဟပ်နေတဲ့ကားလေးပေါ့။ ဒါပေမယ့်မမျှော်လင့်ဘဲပြိုင်ပွဲတစ်ခုသွားတဲ့ လမ်းခုလတ်မှာ McQueen တစ်ယောက် ကားကြီးပေါ်ကနေရုတ်တရက်ကျကျန်ခဲ့ပြီး မြို့ငယ်လေး တစ်ခုကိုရောက်သွားတဲ့အခါမှာတော့ McQueen လေးတစ်ယောက်ဘယ်လိုပြောင်းလဲသွားမလဲ အပေါင်းအသင်း တွေသူငယ်ချင်းလို့ခေါ်တဲ့အရာတွေကသူ့အတွက်ဘယ်လိုအဓိပ္ပာယ်ရှိလာစေလဲ ဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ File Size – 1.84 GB Quality- Blu Ray 1080p 6CH Running Time – 1hr 56min Format – mkv Genre – Animation, Comedy, Family Subtitle – Myanmar (Hard Sub) Translator – Si Thu Kyaw Encoded By – Harry
7.1
IMDB: 7.1/10 318,109 votes
movie

Cars (2006)

2006
BluRay 1080p 6CH
The Green Mile (1999) 8.5
The Green Mile (1999) BS ကနေပြီးတော့ Old But Gold တွေကိုBlu-Ray 1080p 6CH နဲ့တင်ဆက်လျှက်ရှိရာမှအခု တစ်ခါလည်း ဒါရိုက်တာ Frank Darabont ရိုက်ကူးပြီး မင်းသားကြီး Tom Hanks ပါဝင်ရိုက်ကူးခဲ့တဲ့ The Green Mile ဇာတ်ကားဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အော်စကာ လေးဆု ရရှိခဲ့ပါတယ်..IMDb Rating ကလည်း 8.5 ရရှိထားခဲ့ပြီး Rotten Tomatoes 80% ရရှိခဲ့ပါတယ်..ကြည့်မိတာနဲ့ထိုင်ရာက မထပဲနဲ့ တောက်လျှောက်ကြည့်ချင်နေမယ့်ကားမျိုးဖြစ်ပါတယ်..Movie အညွှန်းလေးကိုဆက်သွားကြရအောင် အကျဉ်းထောင်အရာရှိ ပေါလ်အဖြစ် တွမ်ဟင့်က သရုပ်ဆောင်ထားပြီး သူက သေမိန့်ချခံရတဲ့ အကျဉ်းသားတွေ ထားရှိရာ ထောင်ရဲ့ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ John Coffey အဖြစ် Michael Clarke Duncan က သရုပ်ဆောင်ထားပြီး သူက လူမမည် မိန်းကလေး နှစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်လို့ သေမိန့်ကျဖို့ အကျဉ်းထောင်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲလိုအမှုနဲ့ ရောက်လာပေမယ့်လည်း ...
8.5
IMDB: 8.5/10 960,473 votes
movie

The Green Mile (1999)

1999
BluRay 1080p 6CH
Zootopia (2016) 8.0
Zootopia (2016) ~ Review ~ Disney ရဲ့  Zootopia ဇာတ်ကားဟာ သာမန်ကြည့်မယ်ရင် ချစ်စဖွယ်တိရိစ္ဆာန် Character မျိုးစုံနဲ့ ကလေးတွေကိုပျော်ရွှင်စေမယ့် ဇာတ်ကားလေးဖြစ်သလို နောက်ကွယ်မှာတော့လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ message တွေနဲ့ လှပစွာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ - - - - - - - - - - - - - - - ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတော့ ကမ္ဘာကြီးပေါ်မှာ လူသားတွေဆိုတာလုံးဝမရှိပဲ တိရိစ္ဆာန်တွေသာရှိပါတယ်။ တိရိစ္ဆာန်တွေမှာ Predator (မုဆိုး) နဲ့ Prey (သားကောင်) ဆိုပြီး အခြေခံအမျိုးအစားနှစ်ခုခွဲခြားထားပါတယ်။ ဥပမာအနေနဲ့ပြောရရင် ခြင်္သေ့၊ ကျား၊ မြေခွေးတွေက မုဆိုးတွေဖြစ်ပြီး သိုး၊ သမင်၊ ယုန် စတဲ့ တိရိစ္ဆာန်လေးတွေကတော့ သားကောင်တွေပေါ့။ မုဆိုးနဲ့သားကောင်ဆိုပေမယ့် မုဆိုးကို သားကောင်က ကြောက်လန့်နေစရာမလိုပဲ အတူယှဉ်တွဲနေထိုင်နေကြတာပါ။ ...
8.0
IMDB: 8.0/10 353,199 votes
movie

Zootopia (2016)

2016
BluRay 1080p 6CH