Burmese Subtitle

Bern Collaco

Dolittle (2020) 5.5
Dolittle (2020) Dolittle (2020) မြန်မာစာတန်းထိုး အားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်… Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့… တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်… ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်… ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland, Rami Malek , John Cena, Selena Gomaz စတဲ့ နာမည်ကြီးတွေ ပါဝင်ထားပါတယ် ကိုယ်တိုင်ကြည့်ရှုခံစားတော်မူပါကုန်။ Review Credit
5.5
IMDB: 5.5/10 21,107 votes
movie

Dolittle (2020)

2020
BluRay 1080p 6CH
Men in Black: International (2019) 5.7

Men in Black: International (2019)

2019
BluRay 1080p 6CH
Pokémon Detective Pikachu (2019) 6.9
Pokémon Detective Pikachu (2019)   *** Blu-Ray Version ဖြင့်တစ်ဖန်ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ် ***   Pokémon Detective Pikachu (2019) သည် IMDb 6.9/10  Rotten Tomatoes 66% Metacritic 53% Google users 94 % ဒါရိုက်တာ  Rob Letterman ရိုက်ကူးထား၍ Dan Hernandez, Benji Samit က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Ryan Reynolds, Justice Smith, Kathryn Newton တို့ ပါဝင်သရုပ်ဆောင်ထားသော  Action, Adventure, Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ… စစ်ပွဲတိုက်ခိုက်ရိုက်အတွက် ပိုကီမွန်တွေကို စုစောင်းနေကြတဲ့ လူတွေရဲ့ ကမ္ဘာမှာ ကောင်လေးတစ်ယောက်ဟာ စုံထောက်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့  တကယ့်စကားပြောကောင်းတဲ့ ပီကာချူနဲ့ မတော်တဆ တွေ့မိတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဇာတ်ကားမှာ ...
6.9
IMDB: 6.9/10 42,903 votes
movie


2019
BluRay 1080p 6CH
Doctor Strange (2016) 7.5
Doctor Strange (2016) ဒီတစ်ခါ ပရိသတ်တွေ ကြည့်ဖို့ ညွှန်းချင်တဲ့ ဇာတ်ကားကတော့ အမေရိကန်စူပါဟီးရိုးဇာတ်ကားသစ်လေးဖြစ်တဲ့ Doctor Strange ပါ။မာဗယ်လ် စတူဒီယိုကနေ ထုတ်လုပ်ကာ ဝေါ့လ်ဒစ္စနေ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၈၇ ဒသမ ၇ သန်း ဝင်ငွေရရှိခဲ့သလို ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ကောင်းတဲ့မှတ်ချက်ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------- စတီဗင်စရိန့်ခ်ျဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာ ဝန်တစ်ယောက်ဖြစ်ပြီး တစ်ရက် မှာတော့ ကားအက်ဆီးဒင့်ဖြစ် ကာ သူ့ရဲ့တန်ဖိုးရှိလှတဲ့ ခွဲစိတ်တဲ့ လက်တွေ လုံးဝအသုံးပြုလို့မရ အောင် ထိခိုက်ဒဏ်ရာရသွားခဲ့ပါ တယ်။ သူ့ရဲ့ချစ်သူဟောင်းလည်း ဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် တဲ့ ခရစ္စတင်းပယ်လ်မာက သူ့ကို အားပေးနှစ်သိမ့်ခဲ့ပေမယ့် စိတ် ကြီးတဲ့ ဒေါက်တာစရိန့်ခ်ျကတော့ သူ့လက်က ဒဏ်ရာကို ကုသဖို့ လုပ်ခဲ့ပါတယ်။ လက်တွေကို ကြိုးတွေနဲ့ ထိန်းပြီး ခွဲစိတ်ထားပေမယ့် အ ရင်လိုပြန်ပြန်မဖြစ်နိုင်တဲ့ အခြေ အနေမို့ စရိန့်ခ်ျတစ်ယောက် ...
7.5
IMDB: 7.5/10 442,460 votes
movie

Doctor Strange (2016)

2016
BluRay 1080p 6CH
Transformers: The Last Knight (2017) 5.2
Transformers: The Last Knight (2017) Transformers သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသစ်အဖြစ် Transformers: The Last Knight ကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗန်နာတွင် စတင်ရိုက်ကူး ခဲ့သည်။ ယင်းဇာတ်ကားသည် Transformers ဇာတ် လမ်းတွဲ၏ ပဉ္စမမြောက် live-action ဇာတ်ကား တစ်ကားဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် Transformers: Age of Extinction ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားသစ်သည် Transformers ဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင် ဒါရိုက်တာမိုက်ကယ်ဘေးရဲ့ လက်ရာ ဇာတ်ကားတစ်ကားဖြစ်သည်။ Transformers: The Last Knight ဇာတ်ကား သစ်တွင် ပင်တိုင်မင်းသား မာ့ခ်ဝဲလ်ဘတ်ခ်နှင့် သရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာကြပါတယ် ... Transformers သိပ္ပံဇာတ်ကား၏ ဒုတိယ မြောက်ဇာတ်ကားဖြစ်သည့် Revenge of the Fallen ကို ၂ဝဝ၉ ခုနှစ်ကလည်းကောင်း၊ တတိယ မြောက်ဇာတ်ကား Dark of the Moon ကို ၂ဝ၁၁ ခုနှစ်ကလည်းကောင်း၊ စတုတ္ထမြောက်ဇာတ်ကား Age of Extinction ...
5.2
IMDB: 5.2/10 104,857 votes
movie

Transformers: The Last Knight (2017)

2017
BluRay 1080p 6CH
Paddington (2014) 7.2
Paddington (2014) လန်ဒန်မြို့ကို လူရှာရင်း ရောက်လာတဲ့ ဝက်ဝံလေးတစ်ကောင်တွေ့ရတဲ့ အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ဗြိတိန်ဟာသဇာတ်ကားလေးကို ဖော်ပြပေးလိုက်ပါတယ်။ စူးစမ်းလေ့လာသူ မောင်ဂို မာရီဆလိုက်ဟာ ပီရူးကတော နက်ကြီးထဲမှာ အသိဉာဏ်မြင့်တဲ့ ဝက်ဝံမိသားစုကိုရှာတွေ့ခဲ့ပြီး သူတို့ဟာ အင်္ဂလိပ်စကားသင်ယူ နိုင်သလို လိမ္မော်ယိုကိုလည်း အလွန့်အလွန် နှစ်သက်ကြောင်း သိရှိခဲ့ပါတယ်။ မောင်ဂိုမာရီဟာ ဝက်ဝံမိသားစုလာချင်တယ်ဆိုရင် ဗြိတိန်ကနေ အမြဲကြိုဆိုနေမယ့်အကြောင်းပြောခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မြေငလျင် လှုပ်ပြီး ဝက်ဝံတွေနေတဲ့အိမ်ပျက် စီးသွားတာကြောင့် အိမ်အသစ်ရှာဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာ ဝက်ဝံလေးပက်စ်တူဇိုဟာ အဒေါ် ဖြစ်သူက စေလွှတ်တာကြောင့် လန်ဒန်မှာ အိမ်သစ်ရှာဖို့ ထွက်လာခဲ့ပါတယ်။ လန်ဒန်ရောက်သွားတဲ့ပက်စ်တူဇိုဟာ အိမ်ရှာမတွေ့သေးမီ စပ်ကြား ဘရောင်းမိသားစုရဲ့ခေါ် ဆောင်သွားခြင်းခံရပြီး သူတို့က ပက်စ်တူဇိုကို ပက်ဒင်တန်လို့ အမည်ပေးခဲ့ပါတယ်။ ဘရောင်း မိသားစုဟာ ပက်ဒင်တန်အိမ်ရှာ နေတုန်းလေး ခဏခေါ်ထားတာဖြစ်ပြီး အဲဒီအိမ်မှာ ဝက်ဝံကလေး ပက်ဒင်တန်တစ်ကောင် အမွှေစိန်လုပ်ပြီး အပျက်အစီးတွေများခဲ့ပါတော့တယ်။ ပက်ဒင်တန်ဟာ သူ့မိသားစု နဲ့ဆုံခဲ့တဲ့ စူးစမ်းလေ့လာသူမောင် ...
7.2
IMDB: 7.2/10 82,392 votes
movie

Paddington (2014)

2014
BluRay 1080p 6CH
Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) Mary Poppins ဆိုတဲ့ ဇာတ်လမ်းလေးဟာ ကလေးကြိုက်ကားလေးဖြစ်ပါတယ် မိသားစုဝင်တွေတူတူကြည့်လို့ အဆင်ပြေတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ ကလေးတွေရဲ့ စိတ်ကူးယဉ် ဖန်တီးနိုင်မှုတွေကို Mary Poppins ဆိုတဲ့ မှော်ဆန်ဆန် ကလေးထိန်းတယောက်ကို ဖန်တီးပြီးတော့ တင်ဆက်ထားတာဖြစ်ပါတယ် မိုက်ကယ်ဘန့်မှာ ကလေးလေး၃ယောက်ရှိနေပြီးတော့ မိတဆိုးလေးတွေကတော့ သူတို့အမေရဲ့နေရာကို ဖြည့်ပေးဖို့ အမြဲတွေးထားပြီး လိမ္မာတဲ့ကလေးလေးတွေပေါ့ မိဘတွေအနေ နဲ့လည်း ဒါမျိုးကားလေးတွေ များများကြည့်ပေးသင့်ပါတယ် နမူနာကောင်းလေးတွေကို ကလေးတွေ အနေနဲ့ သိနိုင်ပြီးတော့ မိဘတွေအနေနဲ့လည်း ကလေးလေးတွေရဲ့ စိတ်ကူးယဉ်မှုတွေ ကို ဘေးဖယ်မထားသင့်ဘူးဆိုတာလေးကို ပိုသိနိုင်ပါတယ် ဒီဇာတ်လမ်းမှာတော့ Mary Poppins က ကလေးလေးတွေကို ဘယ်လိုကူညီမလဲ မှော်ဆန်ဆန် ဘယ်လိုလေး ရောက်လာမလဲ သူ့အကူအညီတွေကရော ထိရောက်မှာလားဆိုတာတွေကို တွေ့ရပြီးတော့ သီချင်းသံမြူးမြူးလေးတွေနဲ့ တင်ဆက်ထားပါတယ် Review Credit - GC Movies
7.2
IMDB: 7.2/10 34,140 votes
movie

Mary Poppins Returns (2018)

2018
BluRay 1080p 6CH
The Commuter (2018) 6.3
The Commuter (2018) မိုက်ကယ်မက်ကော်လေ ဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာ နေရတာ ကြောင့် အလုပ်တက်၊ အလုပ် ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူ ပါ။ တစ်ရက်မှာတော့ ဂျီအန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာ မိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထား ပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူ တာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အကယ်၍ ဖော်ထုတ်နိုင်ခဲ့ ရင် ဒေါ်လာတစ်သိန်းရမယ်ဆို တာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင်မပြေတဲ့ မိုက်ကယ် က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်။ အဲဒါနဲ့ ဂျိုဟန်နာ ပြောတဲ့ သဲလွန်စတွေ နဲ့အတူသူ ခိုင်းတာကို ရှာပုံတော် ဖွင့်ခဲ့ပါ တယ်။ ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက် ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ...
6.3
IMDB: 6.3/10 68,326 votes
movie

The Commuter (2018)

2018
BluRay 1080p 6CH
Annihilation (2018) 6.9
Annihilation (2018) ဒီကနေ့တော့ စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းလေးတွေ သဘောကျ တဲ့ ပရိသတ်တွေအကြိုက်တွေ့ မယ့် ဇာတ်ကားလေး ဖော်ပြလိုက် ပါတယ်။ သန္ဓေပြောင်း သတ္တဝါတွေ၊ သစ်ပင်ပန်းမန်တွေနဲ့ သီးခြားရှိနေ တဲ့ ဆန်းကြယ်တဲ့ နယ်မြေတစ်ခု ဆီကို သုတေသနပြုဖို့သွားကြတဲ့ သိပ္ပံပညာရှင်တွေ ကြုံဆုံရမှာကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါ တယ်။ လီနာဟာ အမေရိကန်စစ် သားဟောင်းဖြစ်သလို ကလာပ် စည်း ဇီဝဗေဒပါမောက္ခတစ်ဦး လည်းဖြစ်ပါတယ်။ တစ်ရက်မှာ တော့ လီနာရဲ့ခင်ပွန်း ကိန်းဟာ စစ်ဆင်ရေးတစ်ခု သွားရင်း ပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ အိမ်ပြန်ရောက်လာခဲ့ပြီး ကိန်းဟာ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝသတိမရသလို အိမ်ကို ဘယ်လိုပြန်ရောက်လာ မှန်းလည်းမသိဖြစ်ကာ ချက်ချင်းဆိုသလို သတိလစ်မေ့မြောသွား ပါတယ်။ ထူးဆန်းတဲ့ အခြေအနေမို့ အစိုးရအထူးလုံခြုံရေးအဖွဲ့ဟာ ကိန်းကို ကန့်သတ်နယ်မြေတစ်ခု မှာ စမ်းသပ်စစ်ဆေးမှုတွေ လုပ် ခဲ့ပါတယ်။ ကိန်းဟာ ဘယ်လိုမှ ...
6.9
IMDB: 6.9/10 180,083 votes
movie

Annihilation (2018)

2018
BluRay 1080p 6CH