Burmese Subtitle

Barry Shabaka Henley

Four Brothers (2005) 6.9
Four Brothers (2005) 2005 ခု နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Four Brother ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ John Singleton ကရိုက်ကူးတင်ဆက်ထားပါတယ်.. IMDb Rating ကလည်း 6.9 ရရှိထားတာမို့ကားကောင်းတစ်ကားလို့ဆိုလိုရမှာဖြစ်ပါတယ်.. အက်ရှင်ဇာတ်ကားအကြမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့သဘောတွေ့မယ့်ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်းပုံစံလေးကတော့..အင်မတန်ဆိုးတဲ့ ညီအကိုလေးယောက်…သူတို့ဟာဆိုးလွန်းလို့လူတိုင်းကသဘောမကျကြဘူး.. အကြီးဆုံးအကိုကြီးဆိုရင်..မြို့ထဲမှာတောင်နေလို့မရတဲ့အဆင့်ထိပါပဲ.. တစ်နေ့မှာ သူတို့လေးယောက် ကို ငယ်ငယ်ကတည်းက မွေးစားခဲ့တဲ့ အမျိုးသမီးအသတ်ခံရတဲ့အချိန်မှာတော့ ရဲတွေကရော..မြို့လူထု ကရော သူတို့ကိုသံသယ၀င်နေကြပါတယ်.. သူတို့တကယ်ပဲ သူတို့ရဲ့မွေးစားမိခင်ကိုသတ်တာလား.. သူတို့ရဲ့ဆိုးသွမ်းမှုတွေကြောင့်အထင်ခံရတာလား.. ဒီကိစ္စတွေကိုသူတို့ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကို..စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါ အညွှန်းကို CM မှကူးယူထားပါတယ်
6.9
IMDB: 6.9/10 125,341 votes
movie

Four Brothers (2005)

2005
BluRay 1080p 6CH
A Star Is Born (2018) 8.0
A Star Is Born (2018) ဒီကနေ့ကဏ္ဍလေးမှာတော့ အ မေရိကန်ဂီတအချစ်ဒရာမာဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ မင်းသား ဘရက်ဒလေကူးပါး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သ လို ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး၁၉၃၇ က နာမည်တူအတိုင်းထွက်ရှိခဲ့တဲ့ ဇာတ်ကားကိုပြန်လည်ဆန်း သစ်ထားတာလည်း ဖြစ်ပါတယ်။ ဂျက်ဆင်မိန်းဟာ သူ့ဂီတဖျော်ဖြေပွဲတိုင်း လက်မှတ်ရောင်း မလောက်တဲ့အထိကို အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ် ပြီး အသောက်အစားစွဲလမ်းသူ လည်းဖြစ်ပေမယ့် ဒီအချက်ကို တော့ ပရိသတ်ကို ဖုံးကွယ်ထား နိုင်ခဲ့ပါတယ်။ ဂျက်ဆင်ရဲ့အစ်ကိုကြီး ဘော့ဘီက မန်နေဂျာတစ် ယောက်အဖြစ်နဲ့ အနီးကပ်စောင့် ရှောက်ပေးနေတာ ဖြစ်ပါတယ်။ အယ်လိုင်ကတော့ တက်သစ်စ သီချင်းရေးဆရာ၊ အဆို တော်တစ်ဦးဖြစ်ပြီး ဘ၀အခြေအနေအရ ဘားမှာ စားပွဲထိုးအ လုပ်ဝင်လုပ်နေသလို တစ်ခါတလေမှာ ဘားမှာ သီချင်းဆိုလေ့ ရှိပါတယ်။ တစ်ရက်မှာတော့ ဂျက်ဆင်ဟာ သူ့ဖျော်ဖြေပွဲအပြီး ဘားမှာ သောက်စားတုန်း အယ်လိုင် သီချင်းဆိုတာနဲ့ ကြုံခဲ့ပြီး အယ်လိုင်ရဲ့အစွမ်းအစကို သတိပြုမိခဲ့ ...
8.0
IMDB: 8.0/10 144,110 votes
movie

A Star Is Born (2018)

2018
BluRay 1080p 6CH
Collateral (2004) 7.5
Collateral (2004) မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max... ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားခဲ့တယ် ...သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်က အဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်....သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ...သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ် မျက်မြင်သက်သေလိုဖြစ်နေတဲ့ Maxတစ်ယောက် ခရီးသည်ကြေးစားလူသတ်သမား ရဲ့ အကြပ်ကိုင်မှုတွေနဲ့အတူ ရာဇဝတ်မှုတွေမှာ ပါဝင်လာရပါတော့တယ်။နောက်ပိုင်းသူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ။နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ် တို့ရဲ့ လိုက်ဖက်ညီလှတဲ့သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ Reviewed Credit to Aye Mon Kyaw (CM) File Size – 1.9 GB Quality – Blu-Ray 1080p 6CH Running Time – 2hr Format – mkv Genre – Crime, Drama, ...
7.5
IMDB: 7.5/10 326,871 votes
movie

Collateral (2004)

2004
BluRay 1080p 6CH
The Terminal (2004) 7.3
The Terminal (2004) Tom Hanks ခေါင်းဆောင်ပါဝင်တဲ့ ဒီကားက ဟာသကားဆိုပေမဲ့ လူငယ် လူရွယ်များ ဗဟုသုတရနိုင်တဲ့ကားမို့ ရုပ်ရှင်ပရိသတ်အတွက် မိတ်ဆက်ပေးလိုပါတယ်။ အရှေ့ ဥရောပသား Viktor Navorski က အမေရိကားကို ထွက်လာစဉ်က ဗီဇာပါလာပေမဲ့ နယူးယောက်လေဆိပ်ကို ရောက်ချိန်မှာ ပြည်ဝင်ခွင့် ငြင်းဆိုခံလိုက်ရပါတယ်။ အကြောင်းက သူ့တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး အမေရိကားက သံတမန်ဆက်ဆံရေး၊ စီးပွားရေး အားလုံး ရုတ်တရက် ပိတ်ဆို့လိုက်ပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာမသိတဲ့အတွက် သူဟာ ဘယ်အချိန်ပြည်ဝင်ခွင့်ရမယ်ဆိုတာ မပြောနိုင်သလို သူ့ပတ်စပို့ကိုလည်း အမေရိကားက လက်မခံတဲ့အတွက် ပြည်တော်ပြန်လို့လည်းမရဘဲ လေဆိပ်ထွက်ခွါဆောင်မှာပဲ နေဖို့ ဖြစ်လာပါတယ်။ လေဆိပ်အုပ်တာဝန်ခံ Frank က သူကို အစပိုင်းမှာ လေဆိပ်ထဲမှာ နေခိုင်းထားပေမယ့်၊ သူရာထူးတို့ဖို့ အတွက် Review လုပ်မယ့် အဖွဲ့တွေလာတဲ့အခါမှာတော့ Viktor တစ်ယောက် လေဆိပ်ထဲမှာ ရှိနေရင် သူ့အတွက် တာဝန်များတာကြောင့် ...
7.3
IMDB: 7.3/10 351,299 votes
movie

The Terminal (2004)

2004
BluRay 1080p 6CH
Rush Hour (1998) 7.0
Rush Hour (1998) IMDB Rating - 7.0 ရရှိထားတဲ့ Jackie Chan ရဲ့ ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း -------------------- ဟောင်ကောင် စုံထောက် လီဟာ အမေရိကန် ပြည်နယ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်သမီး ပြန်ပေးဆွဲတဲ့အမှုနဲ့ပတ်သတ်ပြီးတော့ အမေရီကန်ကို တရုတ်ကောင်စစ်ဝန်ကဆင့်ခေါ်လို့ ရောက်တော့မယ့်အချိန်မှာ၊ FBI က တရုတ်က စုံထောက်ကိုအသုံးမပြုချင်တဲ့အတွက် လော့အိန်ဂျယ်လိ ရဲဌာနက အကြီးအကဲစီအကူအညီတောင်းပြီးတော့ ရဲဝန်ထမ်းတစ်ယောက်ကို ပို့ခိုင်းပြီး တရုတ်စုံထောက်ကို လှည့်ပတ်ခေါ်သွားပြီး အမှုကို ဝေ့ဝိုက်အောင်ပြုလုပ်ခိုင်းတာ ဖြစ်ပါတယ်။ဖြစ်ချင်တော့ လော့အိန်ဂျယ်လိ ရဲဌာန ရဲ့အရှုပ်ထုတ် ကာတာကိုလွှတ်လိုက် တဲ့အခါမှာတော့..... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာဘဲဆက်လက် ကြည့်ရှုပေးပါခင်ဗျာ။ File Size – 1.84 GB , 643.93MB Quality – Blu-Ray 1080p 5.1CH Running Time – 1h 38min Format – mp4 Genre –  Action, Comedy, Crime Translator – Burmese Subtitle Team Encoded By – Burmese Subtitle Team
7.0
IMDB: 7.0/10 210,742 votes
movie

Rush Hour (1998)

1998
BluRay 1080p 6CH