Burmese Subtitle

Barry Humphries

The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) ရှေးရှေးတုန်းက လူပု ထရော် ဟာ အဲရီဘော်(ရ်)ပြည်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ သူ့မိသားစုဆွေမျိုးများ ချမ်းသာလာကြပါတယ်။ ဒါပေမယ့် စမော့(ဂ်)(Smaug) ဆိုတဲ့ နဂါးကြီးက သူတို့ရဲ့ရွှေတွေကို သိမ်းပိုက်ဖို့ ဒေး(ပ်)မြို့ကို ဖျက်ဆီးလိုက်ရုံမက အဲရီဘော်(ရ်)ပြည်သားတွေကို နှင်ထုတ်လိုက်ပါတယ်။ ထရော်ဧ။်မြေးဖြစ်သူ သိုရင် ကနတ်သူငယ်တို့ရဲ့ဘုရင် ထရန်ဒိုး(လ်)ဆီက အကူအညီသွားတောင်းပေမယ့် ၄င်းတို့က မကူညီတဲ့အပြင် လူပုတွေကို ကျောခိုင်းစွန့်ခွာသွားကြပါတယ်။ဟော့ဘစ် ဆိုတဲ့ မျိုးနွယ်စုဝင် လူငယ် ဘီ(လ်)ဘိုကို မှော်ဆရာကြီး ဂန်ဒေါ့(ဖ်)က လာတွေ့ပြီး စမော့(ဂ်) လက်ထဲက ရတနာတွေကို သွားခိုးယူမယ့်သိုရင်နဲ့ သူ့တပည့်လူပုစစ်သည် တစ်စုနဲ့အတူ လိုက်ပါဖို့စည်းရုံးပါတယ်။ဘီ(လ်)ဘိုနဲ့လူပုတွေဟာ အထီးကျန်တောင် ပေါ်တက်ကြတုန်း ထရိုး(လ်)ဆိုတဲ့ ဘီလူးကြီးတွေက ဘီ(လ်)ဘိုတို့အားလုံးကို သတ်စားခါနီးမှာ ဂန်ဒေ့ါ(ဖ်)ရောက်လာပြီး ဘီလူးတွေကို ကျောက်ရုပ်ဖြစ်အောင် ဖန်ဆင်းကာ သူ့လူတွေကို ကယ်တင်လိုက်ပါတယ်။ ဘီလူးကြီးတွေရဲ့လိုဏ်ဂူထဲ ဝင်ရှာဖွေတဲ့အခါ တန်ခိုးရှိတဲ့ အယ်(လ်)ဗင်ဓားမြှောင်တွေကို ဘီ(လ်)ဘိုတို့ ကောက်ရကြပါတယ်။ ဘီ(လ်)ဘိုတို့အုပ်စုဟာ ဂရင်းဝု(ဒ်)ဆိုတဲ့ ...
7.9
IMDB: 7.9/10 711,812 votes
movie

The Hobbit: An Unexpected Journey (2012)

2012
4K HDR
Finding Nemo (2003) 8.1
Finding Nemo (2003) အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် … နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ … အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ Clown fish လေးဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်… ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ … ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ် Credit
8.1
IMDB: 8.1/10 888,575 votes
movie

Finding Nemo (2003)

2003
BluRay 1080p 6CH