Burmese Subtitle

Arnold Chun

Geostorm (2017) 5.3
Geostorm (2017) ဒီတစ်ပတ်တော့ ပရိသတ် တွေကို အကြိုက်တွေ့စေမယ့် သဘာဝဘေးအန္တရာယ်ကို အခြေခံရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကား Geostorm ကြည့်ဖို့ ညွှန်းချင်ပါတယ်။ ၂၀၁၉ မှာ မကြုံစဖူးတဲ့သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့အပြီးမှာတော့ နိုင်ငံပေါင်း ၁၈ နိုင်ငံက ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကမ္ဘာမြေကြီးနဲ့ လူသားတွေကို သဘာဝဘေးက ကာကွယ်နိုင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ရာသီဥတုကို ဂြိုဟ်တုကွန်ရက်ဖန်တီးပြီး ထိန်းချုပ်ထားဖို့ပဲဖြစ်ပါတယ်။ ရာသီဥတု ထိန်းချုပ်မှုစနစ် ကို Dutch Boy လို့အမည်ပေးထားပြီး ကမ္ဘာတစ်လွှားမှာအခြေစိုက်စခန်းတွေထားပြီး ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တုတွေကို ဂျိတ်ခ်လော်ဆန်က ဒီဇိုင်းဆွဲဖန် တီး တည်ဆောက်ထားတာဖြစ်ပြီး  အခြေစိုက်စခန်းတွေအားလုံးကို ညွှန်ကြားလုပ်ဆောင်နေတာပါ။ နောက်တော့ဂျိတ်ခ်နဲ့ ခေါင်း ဆောင်အချို့အဆင်မပြေဖြစ်ပြီး  ဂျိတ်ခ်နေရာကိုသူ့ညီ မက်စ်လော်ဆန်နဲ့အစားထိုး လုပ်ဆောင်စေခဲ့ပါတယ်။ သုံးနှစ်လောက်အကြာမှာတော့ ဖလော်ရီဒါမှာနေနေတဲ့ဂျိတ်ခ်ကို မက်စ်က လာရှာပြီး အလုပ်ပြန်လုပ်ဖို့ တောင်းပန်ခဲ့ပါတယ်။ ဒါနဲ့ပဲ ဂျိတ်ခ်က အလုပ်ပြန်လုပ်ဖြစ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဟောင်ကောင်မှာ ရာသီဥတုအရမ်းပူလာတဲ့အတွက် ဓာတ်ငွေ့တွေယိုစိမ့်ပြီး မြို့တစ်စိတ်တစ်ပိုင်းပျက်စီးသွားရုံသာမက ဟောင်ကောင်အခြေစိုက်စခန်းကိုပါ ...
5.3
IMDB: 5.3/10 70,577 votes
movie

Geostorm (2017)

2017
BluRay 1080p 6CH