Burmese Subtitle

Anthony Martins

Creed (2015) 7.6
Creed (2015) ဒီကားက တစ်ချိန်တုန်းက နာမည်ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီးစတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာဖြစ်ပါတယ်။ Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။ Review Credit to CM
7.6
IMDB: 7.6/10 235,218 votes
movie

Creed (2015)

2015
BluRay 1080p 6CH