Burmese Subtitle

Andrea Havens

Split (2016) 7.3
Split (2016) X-Men ကားတွေမှာ ပရော်ဖက်ဆာ X အဖြစ်သရုပ်ဆောင်ပြီး wanted ရုပ်ရှင်ဇာတ်ကားမှာကတည်းက မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား James McAvoy ဦးဆောင်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားသစ်ပါ။ ဒီဇာတ်ကားဟာ psychological horror thriller အမျိုးအစားလို့ဆိုရအောင် ရသပေါင်းစုံနဲ့ခံစားရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ လူတစ်ဦးတည်းမှာ လူနှစ်ယောက်စရိုက်ပါဝင်နေတာတို့၊ ဗီဇနှစ်မျိုးနဲ့အသက်ရှင်နေတဲ့လူဆိုတာမျိုးတို့ကို တခြား thriller ရုပ်ရှင်တွေမှာ ကျွန်တော်တို့ကြည့်ဖူးနေပါပြီ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ နှစ်ဦးမကပဲ လူပေါင်းများစွာအနေနဲ့ လူတစ်ယောက်တည်းကိုယ်ထဲမှာ အသွင်တွေကွဲနေတဲ့စိတ်ရောဂါမျိုး ခံစားနေရတဲ့ သူကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကို အကြမ်းအရမ်းကြီးဖြစ်အောင် ဖန်တီးထားတာမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းအစကတည်းက ပရိသတ်ကို သို့လောသို့လောဖြစ်အောင်ဆွဲဆောင်ခေါ်ယူသွားနိုင်တာကိုတွေ့ရပါတယ်။ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က မိန်းကလေးသုံးယောက်ကို ဖမ်းခေါ်သွားပြီး အဲဒီလူက ဘာလဲ၊ သူ့ရည်ရွယ်ချက်ကဘာများလဲဆိုတာကို အဖမ်းခံရတဲ့ မိန်းကလေးတွေသာမက ကြည့်နေတဲ့သူကပါ မရိုးမရွဖြစ်လာအောင် တင်ဆက်ထားပါတယ်။ တဖြည်းဖြည်း ဇာတ်လမ်းဇာတ်ရည်လည်လာတဲ့အခါကျပြန်တော့လည်း လူတစ်ယောက်ရဲ့ငယ်ဘ၀မှတ်ဥာဏ်တွေ child abuse လိုကိစ္စမျိုးတွေခံစားခဲ့ရသူတွေရဲ့ဘ၀ကိုပါ စာနာနားလည်လာအောင် ရိုက်ကူးပြသထားပြန်ပါတယ်။ ကျွန်တော်ကတော့ wanted ကားမှာကတည်းက James McAvoy ကြီး မျက်နှာကြောနဖူးကြောကြီးထောင်လာအောင် စိတ်ဆိုးပြတာကို သဘောကျခဲ့တာမို့ အခုရုပ်ရှင်မှာလည်း လူ့စရိုက်ပေါင်းစုံကိုတစ်ယောက်တည်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်ကိုသဘောကျမိပါတယ်။ ...
7.3
IMDB: 7.3/10 346,272 votes
movie

Split (2016)

2016
BluRay 1080p 6CH
Unbreakable (2000) 7.3
Unbreakable (2000) 2000 ခုနှစ်​​လောက်​ထွက်​ရှိခဲ့တဲ့ Superhero ရုပ်​ရှင်​ကား​ကောင်းတခုကိုညွှန်းပါရ​စေ ဒါ​ပေမယ့်​ Sh ကားဆိုတာထက်​ အ​တွေးအ​ခေါ်ပိုင်းနဲ့ချင့်​ချိန်​ရမယ့်​ကားလို့​ပြောပါရ​စေ ဒီ Movie ရဲ့ sequel အ​နေနဲ့ 2016 မှာ James MacAvoy ပါဝင်​ထားတဲ့ Split ဆိုတဲ့ရုပ်​ရှင်​ထွက်​ရှိခဲ့ပြီးပြီဖြစ်​ပါတယ်​ 2019 မှာလည်း Mr.Glass ဆိုပြီး Trilogy ending ဖြစ်​နိုင်​မယ့်​ ရုပ်​ရှင်​လည်းထွက်​ထားပါပြီ။ ဇာတ်​လမ်းအကျဉ်းချုပ်​အ​နေနဲ့က​တော့ David ဆိုတဲ့ လူတစ်​​ယောက်​ဟာ ရထားမ​တော်​တဆမှုမှာ တစ်​ဦးတည်း​သောအသက်​ရှင်​သူအဖြစ်​လွတ်​​မြောက်​ခဲ့ပြီးမှ သူမသိ​သေးတဲ့အ​ကြောင်းအရာ​တွေရှိ​သေးတာကိုသိရတဲ့အချိန်​မှာ Elijah Price ဆိုတဲ့ Comic Gallery ဖွင့်​ထားတဲ့ မသန်​မစွမ်းသူတ​ယောက်​ရဲ့စိတ်​ဝင်​စားမှုနဲ့ လျို့ဝှက်​ချက်​​တွေကို ရှာ​ဖွေလိုက်​ကြ​တဲ့အချိန်​မှာ… Spolier ဖြစ်​မယ့်​ အ​ကြောင်းအရာ​တွေ​ကျော်​ပြီး​ရေးထားတာဖြစ်​ပါတယ်​ ဘာမှမသိပဲကြည့်​တာက ပိုစိတ်​ဝင်​စားဖို့​ကောင်းပါတယ်​ Bruce Wills, Samuel L.Jackson, Robin Wright တို့ပါဝင်​ထားတဲ့အပြင်​ Rt မှာလည်6း9% ရရှိထားတဲ့ ကား​ကောင်းတကားဖြစ်​တဲ့အတွက်​ ကြည့်​ရှုဖို့အကြံ​ပေးချင်​ပါတယ်​ ဇာတ်လမ်းအညွှန်းကိုတော့ KPG HD Movies Store Facebook ...
7.3
IMDB: 7.3/10 341,055 votes
movie

Unbreakable (2000)

2000
BluRay 1080p 6CH