Burmese Subtitle

Ali

PSV Garuda Vega (2017) 8.3
PSV Garuda Vega (2017) ဒီဇာတ်ကားက သုံးရက်အတွင်းမှာတင် ဖြစ်ပျက်သွားတဲ့ အကောက်ခွန်အရာရှိတွေ ရဲတပ်သားတွေကအစ ဝန်ကြီးချုပ်အထိ ပါဝင်တဲ့ သတ္တုတွင်းကရတဲ့ ပလတိုနီယမ်တွေကို အစိုးရမသိအောင် မှောင်ခိုရောင်းချတဲ့ အကြီးစားလိမ်လည်မှုကြီး တစ်ခုအကြောင်း ဖြစ်ပါတယ် ပုံမှန်ကြည့်နေကျ တာမီးလ်ကားတွေလို လက်သီးထိုးရင် လေပေါ်မပျံပါဘူး. . . မဖြစ်နိုင်တာတွေ မပါပဲ. . . စုံထောက်တစ်ယောက်ရဲ့အရည်အချင်းနဲ့ တာဝန်ကို ဖိုက်တင်ခန်းတွေ အပစ်အခတ်ခန်းတွေနဲ့ ရိုက်ပြထားတာပါ. . . သမ္မရာပါလီရွာလေးမှာ ပလူတိုနီယမ်သတ္တုတွေ ရှိတယ်ဆိုတာ သိသွားတဲ့ သတ္တုတွင်းဝန်ကြီးဌာနက အကြီးအကဲတစ်ချို့ ဟာ DAE(Department of Atomic Energy) ဥက္ကဌနဲ့ လက်ဝါးချင်းရိုက်ပြီး ပလူတိုနီယမ်တွေကို အပိုင်သိမ်း ၊ တရားမဝင်ရောင်းချပြီး ကိုယ်ကျိုးရှာဖို့ ကြံစည်ပါတော့တယ်. . . ပလူတိုနီယမ်ဆိုတာ အနုမြူလက်နက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းဖြစ်ပါတယ် ပထမဆုံးအနေနဲ့ အတော်ဆုံးဟက်ကာ လေးယောက်ကို ခေါ်ပါတယ် သမ္မရာပါလီရွာကလေးရဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ပုံအဟောင်းတွေနဲ့ အစားထိုးပြီး ဂြိုလ်တုကနေ စောင့်ကြည့်လို့ မရအောင် လုပ်လိုက်ပါတယ် ဒါမှသာ သတ္တုတူးဖော်ရေးလုပ်ရင် ဘယ်သူမှမသိပဲ အေးအေးဆေးဆေး လုပ်လို့ရမှာကိုး. . . ဟက်ကာတွေကိုလည်း အစောင့်အကြပ်နဲ့ထားပြီး စစ်ဆင်ရေးပြီးတဲ့အထိ တစ်လတိတိ စောင့်ကြည့်နေကြတယ် ဒါပေမယ့် ဟက်ကာတစ်ယောက်က DAE Serverမှာ ဗိုင်းရပ်စ်တစ်ကောင် ထည့်ပြီး သူတို့်ရဲ့ လုပ်ငန်းစဉ်အချက်အလက်တွေကို ခိုးယူနေခဲ့ပါတယ်. . . ဒီသတင်းအချက်အလက်တွေကို သန်း100 နဲ့ ရောင်းချဖို ...
8.3
IMDB: 8.3/10 411 votes
movie

PSV Garuda Vega (2017)

2017
Web-Rip 720p