Burmese Subtitle

Aaron Eckhart

Midway (2019) 6.7
Midway (2019) Midway (2019) သမိုင်းဖြစ်ရပ်မှန် စစ်ကားတစ်ကား တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်း ပါပဲ။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ။ ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲ စေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ။ ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုံးခဲ့ရင် အနောက်ကမ်းရိုးတန်းအသိမ်းခံရပြီး ဆီရာတယ် ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလိုမြို့ကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ။ ဒါကို ထောက်လှမ်းရေးအဖွဲ့ နဲ့ အင်အားနည်းနေတဲ့ ရေတပ်လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာ ပါပဲ။ စစ်ကားကြိုက်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။ Review Credit to CM
6.7
IMDB: 6.7/10 32,312 votes
movie

Midway (2019)

2019
BluRay 1080p 6CH
London Has Fallen (2016) 5.9
London Has Fallen (2016) ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့…… လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (6.1/10) ရရှိထားတဲ့ Action, Crime, Thriller ဇာတ်ကားဖြစ်ပါတယ်။ review ကိုတော့ channel myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
5.9
IMDB: 5.9/10 116,852 votes
movie

London Has Fallen (2016)

2016
BluRay 1080p 6CH
Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့ အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။ Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲ သမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့ သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့ Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။ Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီး လေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ ကားကို သတိထား မောင်းနေပေမယ့်လဲ ...
6.5
IMDB: 6.5/10 228,035 votes
movie

Olympus Has Fallen (2013)

2013
BluRay 1080p 6CH
Sully (2016) 7.5
Sully (2016) — Storyline — US Airway လေကြောင်းအမှတ် 1549 ဟာ 2009 ခုနစ် Jan 15 ရက်နေ့မှာ လေယာဉ်ပျံတက်တက်ပြီးမကြာခင်မှာပဲ ငှက်အုပ်တစ်အုပ်နဲ့ တိုးမိလို့ အင်ဂျင်နှစ်လုံးလုံးရပ်သွားခဲ့ပါတယ်။ လေဆိပ်ကို ပြန်ဖို့ အကြံပြုနေပေမဲ့ လေယာဉ် Captain ဖြစ်သူ Chesley Sullenberger ဟာ အချိန်မရှိဘူးဆိုပြီး အနီးမှာရှိတဲ့ Hudson မြစ်အတွင်း ဆင်းခဲ့တာမှာ လေယာဉ်ပေါ်ပါသူ 155 ယောက်လုံး အသက်သေခြင်းမရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ စစပိုင်းမှာတော့ သူ့ကို Hero အဖြစ်သတ်မှတ်ဖေါ်ပြကြပေမဲ့ ထုံးစံအတိုင်း လေယာဉ်ပျက်ကျခြင်းနဲ့ မြစ်ထဲဆင်းရခြင်းကိစ္စကို တာဝန်ရှိသူတွေ အဖြေရှာကြတဲ့အခါမှာတော့ Captain Sully လည်း အခုကိစ္စမှာ အပြစ်ကင်းရဲ့လားဆိုပြီး မေးခွန်းတွေထွက်လာပါတော့တယ်။ . — Review — . ဖြစ်ရပ်မှန်ဇာတ်လမ်း အခြေခံရုပ်ရှင်တွေရဲ့ အားနည်းချက်တစ်ခုက သိကြမဲ့အတိုင်း ကိုယ်က ဇာတ်လမ်းနဲ့ အဖြေကို သိနေပြီးသားဖြစ်နေတာပါ။ အခုကားမှာလည်း ...
7.5
IMDB: 7.5/10 200,348 votes
movie

Sully (2016)

2016
BluRay 1080p 6CH
I, Frankenstein (2014) 5.1
I, Frankenstein (2014) ဇာတ်လမ်းလေးကတော့သိပ္ပံပညာရှင် ဖရန်ကင်စတိန်းဟာ အလောင်းကောင်အစိတ်အပိုင်းတွေကိုစုစည်းပြီး လူသတ္တ၀ါတစ်ကောင်ကို ဖန်တီးခဲ့တယ်။ သူ့ဖန်တီးမှုကို မှားယွင်းမှုတစ်ခုလိုကြောက်လန့်လာတာကြောင့် အဲ့ဒီသတ္တ၀ါကို ဖျက်ဆီးဖို့ကြိုးစားခဲ့တယ် ဒါကြောင့် အဲ့ဒီသတ္တ၀ါဟာဖရန်ကင်စတိန်းရဲ့မိန်းမကို သတ်ပြီး ကလဲ့စားချေခဲ့ပါတယ်။ ဖရန်ကင်စတိန်းဟာ အဲ့ဒီသတ္တ၀ါကို ကလဲ့စားချေဖို့ ပြန်လိုက်ရှာခဲ့ပေမယ့် လူသားတို့ထုံးစံအတိုင်း အချိန်ကြာမြင့်စွာအသက်မရှည်ပဲ သေဆုံးခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့ သတ္တ၀ါကတော့ မသေဆုံးခဲ့ပါဘူး။ သတ္တ၀ါနဲ့အတူ ဖရန်ကင်စတိန်းရဲ့ မှတ်တမ်းစာအုပ်ကျန်ရှိခဲ့ပါတယ်။ တစ်နေ့မှာ အဲ့ဒီသတ္တ၀ါကို နတ်ဆိုးအရှင် နာဘေးရီးရက်စ် ရဲ့အဖွဲ့က နတ်ဆိုးတွေက တိုက်ခိုက်ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။ နတ်ဆိုးတွေလက်ကနေ အဲ့ဒီသတ္တ၀ါကို ဂါဂေါ်ရယ်အဖွဲ့က ပြန်လည်ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီသတ္တ၀ါနောက်ကို နတ်ဆိုးတွေက အဆက်မပြတ်လိုက်ပြီး ဖမ်းဆီးဖို့ အခါခါကြိုးစားခဲ့ပါတယ်။ နာဘေးရီးရက်စ်အရှင်နဲ့ နတ်ဆိုးတွေက အဲ့ဒီသတ္တ၀ါကို ဘာကြောင့်လိုက်ဖမ်းတာလဲ? ဘယ်လို အကြံအစည်တွေ ရှိနေတာလဲ? ဂါဂေါ်ရယ် အဖွဲ့ကရော အဲ့ဒီသတ္တ၀ါ နတ်ဆိုးတွေလက်ထဲမရောက်အောင် ဘာကြောင့်လိုက်ကာကွယ်ပေးတာလဲ? အဲ့ဒီသတ္တ၀ါကရော လူလား ၀ိညာဉ်မရှိတဲ့ သာမန်လူပုံစံအခွံတစ်ခုလား? ဖရန်ကင်စတိန်းရဲ့မှတ်တမ်းကို နာဘေးရီးရက်စ် ရသွားတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ပြီး ခံစားပေးပါ ။ Review Credit to CM
5.1
IMDB: 5.1/10 74,444 votes
movie

I, Frankenstein (2014)

2014
BluRay 1080p 6CH