Burmese Subtitle

Content at random

Content recently added

Focus (2015) 6.6
Focus (2015) Focus (2015) _____________ Death shotနဲ့ Harley Quinnကြီးပါတဲ့ ၂၀၁၅တုန်​းကထွက်​တဲ့အရမ်​း​ကောင်​းတဲ့ Focusဆိုတဲ့ကား​လေးပါ ဒါကတော့ IMD RATING 6.6ရထားတဲ့ Will Smithရဲ့ဇာတ်ကားကောင်းလေးတခုပါ Nickyဟာ Jessဆိုတဲ့မိန်းကလေးရဲ့ချိန်းခြောက်ငွေညှစ်ဖို့ကြိုးပမ်းတာကိုခံရပါတယ် ဒါပေမယ့် Jessမသိတာက Nickyဟာ ၀ါရင့်ကျွမ်းကျင်သူ သူခိုးဖြစ်နေတယ်ဆိုတာပါပဲ Nickyရဲ့ ပညာပေးမုှက်ိုခံရပြီး Jessဟာ Nickyတို့ရဲ့အဖွဲ့ထဲဝင်ကာ သူခိုးတို့တတ်အပ်တဲ့ပညာကိုသင်ကြားပါတော့တယ် နောက်ပိုင်းNickyနဲ့ချစ်သူတွေပါဖြစ်ခဲ့ပါတယ် ပိုက်ဆံတွေအများကြီးရတဲ့အလုပ်ကြီးတခု ပြီးချိန်မှာNickyက Jessကိုပိုက်ဆံတွေပေးပြီး ရုတ်တရက်ထားခဲ့ပါတယ် ဒါပေမယ့် Nickyသတိမထားမိလိုက်တာက Jessကို Nickyတကယ်ချစ်မိသွားတာပါပဲ နောက်ငါးနှစ်အကြာမှာ ပြိုင်ကားသူဌေးတယောက်ဆီက နည်းပညာကို ခိုးယူဖို့Nickyအစီအစဉ်တွေချပြီး ကြိုးစားနေချိန်မှာ မမျှော်လင့်ပဲ Jessဟာ ပြိုင်ကားသူဌေးနဲ့တွဲနေတာကို Nickyတွေ့လိုက်ရတော့…. အချစ်ဟောင်းကိုပြန်ပေါင်းဖို့ုကြိုးစားမလား အချစ်ဟောင်းကိုဂရုမစိုက်ဘဲ ပြိုင်ကားသူဌေးဆီကနည်းပညာပဲခိုးမလားဆိုတာကိုတော့…. Review Credit
6.6
IMDB: 6.6/10 215,262 votes
movie

Focus (2015)

2015
BluRay 1080p 6CH
Table No. 21 (2013) 7.1
Table No. 21 (2013) ခရီးသွား ကံစမ်းမဲပေါက်ပြီး မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဖီဂျီကိုရောက်လာတဲ့ စုံတွဲတစ်တွဲဟာ .... မထင်မှတ်ပဲ ဖီဂျီက အပန်းဖြေစခန်းပိုင်ရှင်ရဲ့ ဖိတ်ကြားခြင်းကို ခံရတယ်။ နောက်ပြီး ပိုင်ရှင်က ဝက်ဆိုက်ဂိမ်းတစ်ခုကို ကစားဖို့ ထပ်မံဖိတ်ခေါ်ခဲ့တယ် ဒါနဲ့ စုံတွဲ တစ်တွဲဟာ စားပွဲနံပတ် ၂၁ ဆိုတဲ့ ဂိမ်းတစ်ခုမှာ ပါဝင်ကစားခဲ့ကြတယ် ... ဆုကြေးက ရူပီး ၂၁ ကုဋေ မေခွန်း ၈ ခု၊ အဖြေ ၈ ခု၊ တာဝန် ၈ ခု ဂိမ်းကို ကစားကြရင်း တဖြည်းဖြည်း သူတို့အတွက် ပြန်ထွက်လို့မရတဲ့ အခြေနေကိုရောက်လာခဲ့တယ် အဲ့ဒီနောက်မှာတော့ ..... အညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Win Thant ပဲဖြစ်ပါတယ်ခင်ဗျာ
7.1
IMDB: 7.1/10 11,125 votes
movie

Table No. 21 (2013)

2013
Web-DL 1080p 6CH
Downhill (2020) 4.8
Downhill (2020) ဟာသမင်းသားကြီး Will Ferrell ပါဝင်သရုပ်ဆောင်ထားပြီး ဒီနှစ်ထဲထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ဆွစ်ဇ်ဇာတ်လမ်းလေး “ Force Majeure” ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပီတာတို့မိသားစုလေးက ဩစတီးယားကအဲ့လ်ပ်စ်တောင်တန်းရှိ အစ်ဘစ်ဇာ အပန်းဖြေစခန်းကို အပျော်ခရီးထွက်လာခဲ့ကြပါတယ်။ ပျော်ပါးလျှောက်သွား နှင်းလျှောစီးကြတယ်ပေါ့။ ဒါပေမဲ့တစ်ရက် တော့ နှင်းတောင်ကိုဖြိုချရင်း မတော်တဆတွက်ချက်မှုလွဲချော်ပြီး အပန်းဖြေစခန်းကလူတွေကို သေတော့မတတ်ဖြစ်စေခဲ့ ပါတယ်။ အဆိုပါဖြစ်စဉ်မှာ ပီတာရဲ့လက်မခံနိုင်တဲ့ လုပ်ရပ်တစ်ခုကြောင့် သူတို့မိသားစုအကြားမှာအက်ကြောင်းတွေဖြစ် လာပါတော့တယ်။ အဲ့ဒီအက်ကြောင်းတွေကို သူတို့အချိန်မီပြုပြင်နိုင်မှာလား။ ဒါမှမဟုတ် သူတို့မိသားစုပြိုကွဲသွားမှာ လား စတာတွေကိုတော့ ဇာတ်လမ်းကိုကြည့်မှပဲရပါမယ်။ ဟာသကားတွေလိုဟက်ဟက်ပက်ပက်မရယ်ရပေမဲ့ ပြုံးစေတဲ့ မိသားစုဒရမ်မာကားလေးတစ်ကားဖြစ်ပါတယ်။ Review Credit
4.8
IMDB: 4.8/10 7,079 votes
movie

Downhill (2020)

2020
BluRay 1080p 6CH
Roald Dahl’s The Witches (2020) 5.4
Roald Dahl’s The Witches (2020) မင်းသမီးချော Anne Hathaway ပါဝင်သရုပ်ဆောင်ထားပြီး မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ စုန်းမတွေက ကလေးတွေကို အရမ်းမုန်းကြပါတယ် အဲ့တာကြောင့်မို့ သူတို့ကို အမြဲဖျက်ဆီးဖို့ ကြံစည်နေကြပါတယ် တစ်နေ့မှာတော့ စုန်းမတွေရဲ့ခေါင်းဆောင် စုန်းမချုပ်ကြီးက ကလေးတွေအကုန်လုံးကို ကြွက်အဖြစ်ပြောင်းဖို့ အကြံရခဲ့ပါတယ် တခြားတစ်ဖက်မှာလည်း မိဘတွေကိုဆုံးရှုံးလိုက်ရပြီး အဖွားနဲ့နေနေတဲ့ကောင်လေးတစ်ယောက်ရှိပါတယ် အဲ့ကောင်လေးက စုန်းမတစ်ယောက်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ ကောင်လေးနဲ့ သူ့အဖွားဘယ်လိုရင်ဆိုင်ကြမလဲ Anne Hathaway ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရမ်းဗီလိန်ပီသလွန်းတယ်လို့ မှတ်ချက်တွေပေးခံနေရတာပါ ကောင်လေးက ကြွက်အဖြစ်ပြောင်းသွားမလား တခြားကလေးတွေကိုရော ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားလိုက်ကြပါဦးရှင် Credit Review
5.4
IMDB: 5.4/10 12,599 votes
movie

Roald Dahl’s The Witches (2020)

2020
Web-DL 1080p 6CH
Journey 2: The Mysterious Island (2012) 5.8
Journey 2: The Mysterious Island (2012) ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီးတေ့ာ Journey to the Centre of the Earth နဲ့ ထုတ်လုပ်သူတစ်ဦးတည်း ဇာတ်ကားလည်းဖြစ်ပါတယ်၊ Journey 2 မှာတေ့ာ Sean လို့ ခေါ်တဲ့ကောင်လေး က မြေပုံအတိုင်းထူးဆန်းတဲ့ ကျွန်းကြီးကို သွားရင်းပျောက်ဆုံးသွားတဲ့ သူ့အဖိုးကို ရှာဖို့ ကြိုးစားတဲ့ အကြောင်းရိုက်ကူးထားတာပါ… ဇာတ်လမ်းက ဒီလောက်ပဲ မထူးဆန်းဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ် ပရိသတ်ကြီး….. ဒါပေမယ့် Journey 2: The Mysterious Island ထူးခြားချက်က Visual Effect တွေ အရမ်းကောင်းတာပါ၊ ပရိသတ်တွေကို ဇာတ်ကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဒီ Effect တွေနဲ့ ဆွဲဆောင်ပြီး ဇာတ်ကားနောက်ဆုံးထိခေါ်သွားမှာပါ… The Rock ကြီးရဲ့ ဟာသတွေ၊ အက်ရှင်တွေ၊ ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်ပုံတွေကို စွဲမက်တဲ့ သူတွေအတွက်တေ့ာ ကြည့်ပြီးရင်တောင် ထပ်ကြည့်ချင်မယ့် ...
5.8
IMDB: 5.8/10 91,811 votes
movie

Journey 2: The Mysterious Island (2012)

2012
BluRay 1080p 6CH
Just Like Heaven (2005) 6.7
Just Like Heaven (2005) 2005 ခုနှစ်မှာ ထွက်ရှိထားတဲ့ ရိုမန်တစ် ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိထားတဲ့ If Only It Were Ture ဆိုတဲ့ ပြင်သစ် ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အယ်လိဇဘက် ဆိုတဲ့ ဆရာဝန်မလေးတစ်ယောက်က ဆန်ဖရန်စစ်ကိုမှာ တာဝန်ထမ်းဆောင်နေရင်း ချိန်းတွေ့ဖို့ သွားမယ့် လမ်းခုလတ်မှာ မမ​ျှော်လင့်ပဲ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်... ၃လ လောက်ကြာတဲ့အချိန်မှာတော့... ရုတ်တရက် မိန်းမဖြစ်သူ သေဆုံးပြီး အိမ် ငှါးဖို့ ရှာဖွေနေတဲ့ ဒေးဗစ်တစ်ယောက် အိမ်ရှာနေရင်း ရုတ်ချည်းဆိုသလို သူ့ရဲ့ မျက်နှာကို အိမ်ငှါး စာဆောင်လေး လာပြီးကပ်ရှာတယ်... ထွေထွေထူးထူးတော့မဟုတ်ပေမယ့် အဲလိဇဘက် ရဲ့ တိုက်ခန်းဖြစ်နေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ BS မှာဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်...
6.7
IMDB: 6.7/10 98,451 votes
movie

Just Like Heaven (2005)

2005
BluRay 1080p 6CH
The Darkest Hour (2011) 4.9
The Darkest Hour (2011)   ဒီဇာတ်ကားလေးကတော့ IMDb rating 4.9 ရထားတဲ့ သဲထိတ်ရင်ဖို ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ရှ့ရင်းနဲ့ လူတစ်ယောက်ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေကိုတွေ့ရမှာပါမော်စကိုမြိုု့ကို အလည်ရောက်လာတဲ့ အမေရိကန်နိုင်ငံက ကောင်မလေးနှစ်ယောက်နဲ့ကောင်လေးနှစ်ယောက်တို့ Clubတစ်ခုမှာစုံရာက စကြနောက်ကြရင်းနဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ လူတစ်ရောက်ရဲ့ကံကြမ္မဆိုတာ ဆန်းကျယ်လွင်းလှပါတယ် အကြောင်းကတော့ ရုရှားနိုင်ငံကို ကမ္ဘာမြေကြီးရဲ့ဒဏ်ခတ်မှူ့လို့ပဲပြောရမလား မမြင်နိုင်တဲ့ စွမ်းရှင်အကောင်တွေရောက်ရှိလာပြီးတိုက်ခိုက်ခဲ့လို့လူတွေအများပြားကတ်ဘေးစိုက်ခဲ့ရပါတယ်။ ဒီအကောင်တွေဟာ ထိတွေ့ကိုင်သွယ်လို့မရသလို နှိမ်းမဲ့နည်းလမ်းတွေလဲမသိကြသေးသာမို့ လူတွေအတော်များများ ဒုက္ခရောက်သေကြေပျက်စီးခဲ့ကြရပါတယ်။ ဒီဒုက္ခတွေမှာ သူတို့လဲအလူးအလဲခံကြရင်း အခက်အခဲတွေကိုဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ အရမ်းစိတ်oင်စားစရာကောင်းတာမို့ ပုရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှု့လိုက်ပါလို့ပြောပါရစေဗျ…   အညွှန်းကိုတော့ Channel Myanmar မှကူးယူဖော်ပြထားပါသည်
4.9
IMDB: 4.9/10 57,463 votes
movie

The Darkest Hour (2011)

2011
BluRay 1080p 6CH
The Boat (2018) 5.6
The Boat (2018) မော်လတာနိုင်ငံရဲ့ လှပသောနွေရာသီ နေ့တစ်နေ့မှာ တံငါသည်လူငယ် တစ်ယောက်ဟာ သူရဲ့ လှေလေးနဲ့ ငါးမျှားရန် ပင်လယ်ထဲ ထွက်လာခဲ့တယ် ရုတ်တရက် ရာသီဥတု ပြောင်းလဲပြီး မြူထူထပ်စွာမမြင်ရသည်အထိ ဖြစ်ပေါ်လာခဲ့တယ် အမှောင်ထုထဲမှာ သူဟာ အိုင်းလွပ်စ် လို့ခေါ်တဲ့ တောက်ပတဲ့အဖြူရောင် ရွက်လှေကို တွေ့လိုက်မိတော့ လှေပေါ်တက် စုံစမ်းကြည့်လိုက်တယ် ရွက်လှေပေါ်မှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ ပြန်ဆင်မယ်လုပ်တဲ့အခါ အလာတုန်းက ရွက်လှေမှာ သေချာချည်ထားခဲ့တဲ့ သူ့ရဲ့လှေလေးဟာ မရှိတော့ဘူး ဒါနဲ့ အဲ့ဒီ ရွက်လေပေါ်မှာပဲ ... ရေဒီယိုနဲ့ ဗလက်တာဆိပ်ကမ်းထိန်းချုပ်ရေးကို အကြောင်းကြားပြီးနောက် ဘာကြောင့် လူတစ်ဦးမှ မရှိတာကို စပ်စုရင်း သန့်စင်ခန်းထဲ ဝင်ကြည့်လိုက်တဲ့အခါ တံခါးက လော့ကျသွားတယ် ... အဲ့ဒီနောက်မှာတော့ ဒီရုပ်ရှင်ဟာ မမြင်ရတဲ့ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ လူငယ်တစ်ယောက်ရဲ့ကြုံတွေ့လာတဲ့ ထိတ်လန့်မှု မြင်ကွင်းများ အခက်အခဲများ၊ အတွေ့အကြုံနဲ့ ဇွဲရှိမှုတို့ကို အသုံးချရင်း တစ်ယောက်တည်း ဖြေရှင်းရပုံများကို မြင်တွေ့ရမှာပါ .... အညွန်းနဲ့ဘာသာပြန်သူကတော့ Ko Kyaw Swar Winn Thant ဖြစ်ပါတယ်ခင်ဗျ
5.6
IMDB: 5.6/10 2,524 votes
movie

The Boat (2018)

2018
BluRay 1080p 6CH
EXIT (2019) 7
EXIT (2019) ဇတ်လမ်းပုံစံကတော့… ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ… အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ…. တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ် အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အူဂျူ  ဆိုတဲ့ ယောင်နမ် နဲ့ အရင်က တောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော.. ပျော်ရမယ် မကြံရသေးပါဘူး… ယောင်နမ်တို့ ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့ သဘာ၀ ဘေး တစ်ခု ကျရောက်လာပါတော့တယ်… ယောင်နမ် ...
7
IMDB: 7/10 3,678 votes
movie

EXIT (2019)

2019
BluRay 1080p 6CH
Deliver Us from Evil (2020) 6.8
Deliver Us from Evil (2020) Deliver Us from Evil(2020) NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား…. အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်…. ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်….. နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ ကြိုးစားပါတော့တယ်…ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့…. ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့ အပြိုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ကလေးသူငယ်တွေနဲ့ ခပ်နုနုသူတွေမကြည့်သင့်ပါဘူး…လည်လှီးခန်းတွေ ဗိုက်ကိုဓားနဲ့ထိုးပြီး ဆွဲမွှေ့တဲ့အခန်းတွေ သွေးထွက်သံယိုခန်းပေါင်းများစွာပါဝင်ပါတယ်… အခြား အက်ရှင်မင်းသားကားတွေ ကြံဖန်သတ်ပုတ်နေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းကောင်းနဲ့ လိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမျိုးမှရှယ်ဗျင်းတဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ… Review Credit
6.8
IMDB: 6.8/10 659 votes
movie

Deliver Us from Evil (2020)

2020
Web-DL 1080p 6CH
Retribution (2006) 6.4
Retribution (2006) Retribution (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို International Film Festival Rotterdam မှာ ဒီလိုကြေငြာထားတယ် "ထိတ်လန့်မှုကို မကြိုက်သူများအတွက် ထိတ်လန့်ခြင်း" အဓိကဇာတ်ကောင်ကတော့ တိုကျိုမြို့က စုံထောက်တစ်ယောက် ဟာ လူသတ်မှုကို စုံစမ်းစစ်ဆေးတဲ့အခါ တူညီတဲ့ နည်းလမ်းရှိတာကြောင့် ကွင်းဆက်လူသတ်သမားပုံစံ ဖြစ်နေတယ်လို့ ယူဆမိတယ် ... ထို့နောက် စုံထောက်ဟာ ပထမဆုံးသားကောင် ဖြစ်ပုံရတဲ့အတွက် သရဲခြောက်ခြင်းကို စ, ခံရတယ် အဲ့ဒီနောက်မှာတော့ .............. ဒီဇာတ်ကားဟာ ရာဇ၀တ်မှုဖြေရှင်းခြင်းနဲ့ လူသတ်သမားကို ဖမ်းဆီးခြင်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုများနဲ့ ရှာဖွေခြင်းမှတဆင့် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ ပြကွက်များနဲ့ ပြည်စုံနေပါတယ် ဒါပေမယ့် အဓိပ္ပာယ်နားလည်ခြင်းကို အားလုံး မရစေပေမယ့် အဆုံးမှာတော့ ရှင်းပြထားပါတယ် အချို့သောသူတွေအတွက် လုံလောက်တဲ့ ကျေနပ်မှုမရနိုင်သော်လည်း ဖြစ်နိုင်တာကတော့ ရုပ်ရှင်၏အဓိကအချက်ပါပဲ သာမန် အမေရိကန် ထိတ်လန့်မှုကို မျှော်လင့်နေသူတစ်ယောက် ဆိုရင်တော့ ဒီရုပ်ရှင်ကို သင်စိတ်ပျက်မိမှာတော့ အသေအချာပါ အကယ်၍ သင်ဟာ အချို့သော ခြောက်လှန့်မှုများအပါအ၀င် မှောင်မိုက်နေပြီး နက်နဲသောအရာအချို့ကို နှစ်သက်ပါက ဒီရုပ်ရှင်ကိုလည်း နှစ်သက်မယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ် ဘာသာပြန်ကတော့ Kyaw Swar Winn Thant (ဘစွာ) ဖြစ်ပါတယ်
6.4
IMDB: 6.4/10 2,496 votes
movie

Retribution (2006)

2006
Web-DL 1080p 6CH
Baywatch (2017) 5.5
Baywatch (2017) (အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ) ၂၀၁၇ ရုံတင်ကားသစ် အကြည်ထွက်လို့ တင်ပေးထားပါတယ်။ ဟာသ အက်ရှင်အမျိုးအစားပါပဲ။ ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ မစ်ချ်က အဲဒီအမှုတွေအကုန်ဖော်ထုတ်ဖို့ တာဝန်ရှိတယ်လို့ ထင်ပေမယ့် ဘရိုဒီကတော့ မဆိုင်တာတွေ မလုပ်ချင်ဘူးဆိုပြီး ငြင်းခုံနေကြတာပါ။ မစ်ချ်တစ်ယောက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မလား၊ သူတို့အဖွဲ့ ဘယ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။ Review ...
5.5
IMDB: 5.5/10 157,996 votes
movie

Baywatch (2017)

2017
BluRay 1080p 6CH
How to Train Your Dragon: The Hidden World (2019) 7.5
How to Train Your Dragon: The Hidden World (2019) နဂါးဘက်တော်သားများဖြစ်ကြတဲ့ Hiccup နဲ့ အဖွဲ့သားတွေဟာ လူတွေဖမ်းဆီးထားတဲ့ နဂါးတွေ လိုက်ကယ်၊ ပြန်လွှတ်ပေးနဲ့ လုပ်နေလို့ အခုဆို ရွာမှာတောင် နဂါးတွေ တော်တော်များလာပါပြီ။ ဒီလို နဂါးအင်အား များလာတာနဲ့အမျှ နဂါးတွေကို ရန်ရှာ၊ ဖမ်းဆီးချင်တဲ့ လူတွေရဲ့ ပစ်မှတ်အဖြစ်ကလည်း ကြာလေကြီးလေဖြစ်လာပါတယ်။ တစ်ရက်မှာ နောက်ဆုံးကျန်တဲ့ Night Fury ဖြစ်တဲ့ Toothless ကို သတ်ချင်လွန်းတဲ့ နဂါးမုဆိုးတစ်ယောက်ပေါ်လာတယ်။ အဲအတွက် Hiccup ဟာ သူတို့ချစ်တဲ့ နဂါးတွေကို လူတွေလိုက်ရန်မပြုနိုင်တဲ့၊ နဂါးတွေပဲနေကြတဲ့ Hidden World ကို ပို့ပြီး ကယ်တင်ဖို့ ရင်နာနာနဲ့ ကြိုးပမ်းကြရပါတော့တယ်။ Review (Minor Spoiler alert) Dean Deblois ရဲ့ How to Train your Dragon ဇာတ်ကားတွေထဲမှာ အခုကားဟာ နောက်ဆုံးဇာတ်သိမ်းဖြစ်ပါတယ်။ ဇာတ်သိမ်းဆိုတဲ့နေရာမှာလည်း အသိမ်းမတော်ရင် ...
7.5
IMDB: 7.5/10 98,831 votes
movie

How to Train Your Dragon: The Hidden World (2019)

2019
BluRay 1080p 6CH
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ...
7.8
IMDB: 7.8/10 300,028 votes
movie

How to Train Your Dragon 2 (2014)

2014
BluRay 1080p 6CH
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ DreamWorks Animation မှထုတ်လုပ်ထားတဲ့ Animation ကား လေးတစ်ကားဘဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ IMDB 8.1 , Rotten Tomatoes 98% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အညွှန်း ဟိုး…ရှေးရှေးတုန်းက… မြောက်ပိုင်းကျွန်းဆွယ်လေး ဘက်ခ် လို့ခေါ်တဲ့နေရာလေးမှာပေါ့. ဟစ်ကပ်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က သူ့မြို့ငယ်လေးရဲ့ နဂါးနှိမ်နင်းရေးတပ်ဖွဲ့ထဲကို အရမ်းကိုဝင်ချင်ခဲ့တာ။ဒါပေမယ့် သူ့အဖေ (မြို့ရဲ့ခေါင်းဆောင်ကြီးက) သူ့ကို ခန္ဒာကိုယ်အရွယ် အစားသေးတာကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမယ့် တီထွင်ဉာဏ်ရှိလှတဲ့ ဟစ်ကပ်တစ်ယောက် သူ့အဖေစကားကို နားမထောင်ဘဲ တိုက်ပွဲအတွင်းကိုဝင်ရောက်ပြီးတော့ သူတီထွင်ထားတဲ့လက် နက်နဲ့ နဂါးတစ်ကောင်ကိုပြစ်လိုက်ပါတယ်၊ သူပြစ်လို့မှန်သွားတဲ့ နဂါးက Night Fury မှန်းသိတဲ့ အခါ…. ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
8.1
IMDB: 8.1/10 654,957 votes
movie

How to Train Your Dragon (2010)

2010
BluRay 1080p 6CH
The Dam Busters (1955) 7.4
The Dam Busters (1955) The Dam Buster ***************** အချိန်ကား ၁၉၄၃ခုနှစ်။ နာဇီဂျာမနီတို့၏ လေကြောင်းအင်အားမှာ စစ်ကြီးအစလောက် အင်အားမထွားနိုင်တော့သော်လည်း ရံဖန်ရံခါဆိုသလို ဗြိတိန်မြို့တော် လန်ဒန်ကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ ဗြိတိန်လေတပ်အနေဖြင့်ရန်သူဂျာမန်ပစ်မှတ်များအား ပြန်လည်ဗုံးကြဲတိုက်ခိုက်နေပြီဖြစ်သော်လည်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိသေး။ ဗြိတိန်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြည်သူတို့ စိတ်အားတက်ကြွစေကာ ရန်သူဂျာမန်တို့ကိုလည်း အရှိုက်ထိုးမိစေသလို ဖြစ်စေမည့် တစ်ချက်ခုတ် နှစ်ချက်ပြတ် စစ်ဆင်ရေးကြီးတစ်ခုကို ဆင်နွှဲရန် အားသန်လျက် ရှိပေသည်။ ထိုသို့ရန်သူ့အရှိုက်ကို ထိုးမိစေသလို ဖြစ်စေမည့် ပစ်မှတ်များကား မရှိမဟုတ်၊ ရှိပေသည်။ ဂျာမန်လက်နက်စက်ရုံများ လျှပ်စစ်ဓာတ်အားအတွက် မှီခိုနေရသော ရေကာတာကြီးများကို ဖြိုလိုက်လျှင် ရန်သူ့စွမ်းအင်အရင်းအမြစ်ကို ရိုက်ချိုးနိုင်ရုံမျှမက ရေကြီးရေလျှံဖြစ်စေကာ ဂျာမန်ပြည်သူတို့၏ စိတ်ဓာတ်ကိုလည်း ရိုက်ချိုးနိုင်ပေလိမ့်မည်။ ခက်နေသည်ကား အဘယ်သို့သော လက်နက်ခဲယမ်းမျိုးကို သုံးမည်နည်းဆိုသော မေးခွန်းပင်ဖြစ်သည်။ အင်ဂျင်နီယာအတတ်ပညာတွင် ဆရာတစ်ဆူဟု ဆိုရမည့် ဂျာမန်အင်ဂျင်နီယာတို့၏လက်ရာဖြစ်သော ရေကာတာကြီးများ၏ ခိုင်ခံ့မှုမှာ မာကျောတောင့်တင်းလှသည်ဖြစ်ရာ လက်ရှိသုံးနေသည့် ပေါင်ငါးရာဗုံးများမှာ ပန်းနဲ့ပေါက်သကဲ့သို့ ...
7.4
IMDB: 7.4/10 9,452 votes
movie

The Dam Busters (1955)

1955
BluRay 1080p 6CH
The Cave (2019) 5.8
The Cave (2019) Documentary မဟုတ်ပါ…ဇာတ်လမ်းသွားနဲ့ ရိုက်ကူးထားတာပါ… ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်သွားတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြ အကြောင်းကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ဒီကလေးတွေကို ကယ်ဆိုဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံစုံက ရေငုပ်သမားတွေ ဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့အကြောင်းရယ် လူသားဆန်လှစွာ ကူညီကြတဲ့သူတွေအကြောင်းကို ရိုက်ကူးပြထားတာပါ… ပျောက်သွားတဲ့အကြောင်းကစလို့ ရေငုတ်သမားတွေ ပညာရှင်တွေ ပူးပေါင်းပြီး အဖြေထုတ်ရင်း ကြိုးစားကြတာကို စိတ်ဝင်စားဖွယ်ကောင်းပါတယ်… ဒီဇာတ်ကားက အင်္ဂလိပ်စကားပြောတွေအတွက် စာဖိုင် မထွက်လို့ ကိုယ်တိုင်စာဖိုင်လုပ်ပြီး နားထောင်ပြီး ဘာသာပြန်ပေးထားပါတယ်။ ရေသံတွေ လှိုင်ဂူသံတွေကြောင့် အသံတွေက သိပ်မရှင်းလို့ ကွက်လပ်လေးတွေ ပါပေမယ့် အရေးကြီးတဲ့အပိုင်းတွေကို အပြည့်စုံဆုံးဖြစ်အောင် ဖြည့်ပေးထားပါတယ်…။ စာဖိုင် အမှန်ရရင်တော့ ထပ်ပြီး တင်ပေးပါဦးမယ်။ Review Credit - Channel Myanmar
5.8
IMDB: 5.8/10 644 votes
movie

The Cave (2019)

2019
BluRay 1080p 6CH
The Hunt (2020) 6.5
The Hunt (2020) MDb Rating 6.4 / 10 ထိရရှိထားပါတယ်။ ဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . . လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီ အပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ  ….  တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံက လူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။ သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။ လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင် ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ် လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို “လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား” နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည် အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့် IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ Review Credit - Channel Myanmar
6.5
IMDB: 6.5/10 57,554 votes
movie

The Hunt (2020)

2020
BluRay 1080p 6CH