Obsession (2026)
1080p 

Obsession (2026)

Obsession MMSUBMay. 13, 2026United States109 Min.R
Your rating: 0
5 1 vote

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 

၂၀၂၆ ခုနှစ်ရဲ့ အဟော့ဆုံးနဲ့ အကြမ်းဆုံး Horror ကားကို ပြပါဆိုရင်တော့ ဒါရိုက်တာ Curry Barker ရိုက်ကူးထားတဲ့ “Obsession” ကိုပဲ ပြရမှာပါ။

ဒီကားက ဘတ်ဂျက်နည်းနည်းလေးနဲ့ ရိုက်ထားတာဆိုပေမဲ့ တကယ့်ကို အောင်မြင်မှုတွေ အများကြီး ရထားတဲ့ကားဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ကားစာရင်းထဲမှာ ပါပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++++

ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတော့… အဓိက ဇာတ်ကောင် “Bear” (Michael Johnston) က သူ့ရဲ့ ငယ်သူငယ်ချင်း ကောင်မလေး “Nikki” (Inde Navarrette) ကို ကြိတ်ကြိုက်နေတာပါ။

တစ်ရက်ကျတော့ Bear က ဆိုင်တစ်ဆိုင်ကနေ ‘One Wish Willow’ လို့ခေါ်တဲ့ ဆုတောင်းပြည့် အဆောင်လေးတစ်ခုကို ဝယ်လာခဲ့တယ်။

အဲဒီသစ်ကိုင်းကို ချိုးပြီး ဆုတောင်းရင် တစ်ယောက်ကို ဆုတစ်ခါ တောင်းလို့ရတယ်ဆိုတော့ကာ… Bear က “Nikki တစ်ယောက် ငါ့ကို ကမ္ဘာပေါ်မှာ အချစ်ဆုံးဖြစ်ပါစေ” ဆိုပြီး ဆုတောင်းလိုက်ရော။

ဆုတောင်းပြည့်သွားလားဆိုတော့ ချက်ချင်းကို ပြည့်သွားပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီဆုတောင်းရဲ့ အကျိုးဆက်က တော်တော်လေးကို ကြောက်စရာကောင်းပြီး ဆိုးရွားလွန်းနေတာပါပဲ။

Nikki ရဲ့ အပြုအမူတွေက သာမန်မဟုတ်တော့ဘဲ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုက သူ့ကို ခြယ်လှယ်နေသလိုမျိုး ဖြစ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် Supernatural Horror နဲ့ Dark Comedy ရောထားတဲ့ ကားလေးပါ။

ဘတ်ဂျက်က ဒေါ်လာ ၇ သိန်းခွဲ ကနေ ၁ သန်း ဝန်းကျင်လောက်ပဲ သုံးထားတာပါ။ ဒါပေမဲ့ ရုံတင်တဲ့အခါမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၁၉၄ သန်းကျော်အထိ ရသွားပြီး Focus Features ကုမ္ပဏီ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး စံချိန်တင်ကားကြီး

(Downton Abbey ကိုပါ ကျော်သွားတာ) ဖြစ်သွားပါတယ်။ တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (TIFF) မှာ ပြတုန်းကလည်း ဖြန့်ချိခွင့်အတွက် ဒေါ်လာ ၁၄-၁၅ သန်းအထိ အပေးခံခဲ့ရလို့ TIFF သမိုင်းမှာ Horror/Genre ကားတွေထဲ ဈေးအမြင့်ဆုံးရတဲ့ကားအဖြစ်

မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ နာမည်ကြီး Blumhouse Productions က ထုတ်လုပ်သူ Jason Blum ပါ ဝင်ပါလာခဲ့ပါတယ်။ သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေ မဟုတ်သလို၊ ဒါရိုက်တာ Curry Barker ဆိုရင်လည်း ဒါက သူ့ရဲ့ ပထမဆုံးရိုက်တဲ့

Feature Film ပါ။ ဒါပေမဲ့ ပရိသတ်တွေကြားမှာ သေသေချာချာ ဆွေးနွေးလာစေလောက်တဲ့အထိ အင်တာနက်မှာ တော်တော်လေး ဟော့ဖြစ်သွားခဲ့ပါတယ်။ ဒါရိုက်တာက သူငယ်ချင်းတွေနဲ့အတူ The Simpsons ကာတွန်းကားရဲ့ “Treehouse of Horror II”

အပိုင်း (Homer က Monkey’s Paw နဲ့ ဆုတောင်းတဲ့အပိုင်း) ကို ကြည့်ရင်းကနေ ဒီဇာတ်လမ်း အိုင်ဒီယာကို ရသွားတာပါ။ စတူဒီယိုဘက်က ဇာတ်ကောင် Bear ကို “လူကောင်း (Hero)” ပုံစံမျိုး ပြင်ရေးပေးရင် ဒေါ်လာ ၂ သန်း ပေးမယ်လို့ ကမ်းလှမ်းခဲ့သေးတယ်။

ဒါပေမဲ့ ဒါရိုက်တာက သူ့ရဲ့ မူလဇာတ်လမ်း အတိုင်းပဲ အသက်ဝင်စေချင်လို့ အဲဒီပိုက်ဆံကို ငြင်းခဲ့ပါတယ်။ ဇာတ်လမ်းထဲက အဓိကကျတဲ့ “One Wish Willow” သစ်ကိုင်းလေးရဲ့ ဒီဇိုင်းကို ဒါရိုက်တာက Graphic Designer ဖြစ်တဲ့ သူ့အမေနဲ့ အတူတူ ဖန်တီးခဲ့တာ

ပါ။ “Obsession” (2025) ကားထဲက Nikki နေရာမှာ အပိုင်သရုပ်ဆောင်သွားတဲ့ မင်းသမီးချောလေးရဲ့ နာမည်ရင်းကတော့ Danielle Fabiola Navarrette (ဒန်နီရဲလ် ဖေဘီယိုလာ နာဗာရက်တီ) ပါ။

ဒါပေမဲ့ ပရိသတ်တွေကတော့ သူ့ကို Inde Navarrette (အင်ဒီ နာဗာရက်တီ) ဆိုတဲ့ နာမည်နဲ့ ပိုသိကြပါတယ်။ နာမည်မရှိတဲ့ ဂိမ်းစထရင်မာ သရုပ်ဆောင်မျက်နှာသစ်ဘဝကနေ ဟောလိဝုကြယ်ပွင့်တစ်ပွင့် ဖြစ်လာတော့မှာပါပဲ။ ဇာတ်လမ်းက ရိုးရှင်းပေမဲ့

အလင်းအမှောင် သုံးသွားတဲ့ Cinematography တွေရော၊ သရုပ်ဆောင်တွေရဲ့ အိုက်တင်တွေပါ အရမ်းမိုက်လို့ Horror ကားကြိုက်တဲ့သူတွေ လက်မလွတ်သင့်တဲ့ ၂၀၂၆ ရဲ့ Masterpiece လေးတစ်ခုလို့ပဲ ညွှန်းလိုက်ပါရစေ။

Review Crd

Original title Obsession
IMDb Rating 8.1 129,370 votes
TMDb Rating 8.095 1,269 votes

Video Sources 144 Views

  • Watch trailer
  • Mega

Obsession (2026)
Obsession (2026)
Obsession (2026)
Obsession (2026)
Obsession (2026)
Obsession (2026)
Obsession (2026)
Obsession (2026)
Obsession (2026)
Obsession (2026)

Similar titles

F9 (2021)
No Time to Die (2021)
GoldenEye (1995)
The Con Artists (2014)
The Conjuring: The Devil Made Me Do It (2021)
Assassin Club (2023)
Dark Cloud (2022)
Baphomet (2021)
Pushpa 2 – The Rule (2024)
Sunray: Fallen Soldier (2025)
Smile (2022)
Missing and Alone (2021)