
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Hold the Fort (2025) +++++++++ ဒီတစ်ခါတော့ သွေးသံရဲရဲနဲ့ အူတက်အောင် ရယ်ရမယ့် Horror-Comedy ကားကောင်းလေး တစ်ကားနဲ့ တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ Lucas နဲ့ Jenny တို့ စုံတွဲက ဆိတ်ငြိမ်ပြီး လှပတဲ့ ရပ်ကွက်လေးတစ်ခုမှာ အိမ်တစ်လုံးကို ဈေးတန်တန်နဲ့ ဝယ်လိုက်နိုင်လို့ အရမ်းကို ဟန်ကျနေကြတာပေါ့။ ဒါပေမဲ့ ပြဿနာက အဲဒီအိမ်ရာရဲ့ စာချုပ်ပါ စည်းမျဉ်းတွေကို သေချာ မဖတ်မိလိုက်တာပဲ။ သူတို့အိမ်ရာကော်မတီ (HOA) က ရပ်ကွက်သန့်ရှင်းရေးလောက်ပဲ လုပ်တာ မဟုတ်ဘဲ၊ တစ်နှစ်တစ်ခါ ငရဲကနေ တက်လာတဲ့ သရဲတွေ၊ ဘီလူးတစ္ဆေတွေကိုပါ ရှင်းလင်းရေး လုပ်ရတယ် ဆိုတာ သူတို့ လုံးဝ မသိခဲ့ဘူး။ ဆိုးတာက သူတို့ ပြောင်းလာတဲ့ ပထမဆုံးညမှာတင် အဲဒီ ငရဲတံခါးကြီး ပွင့်တဲ့နေ့နဲ့ သွားတိုးနေတော့တာပါပဲ။ ဒီလိုနဲ့ အိမ်ရာကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ Jerry ရဲ့ ဦးဆောင်မှုနဲ့အတူ Lucas နဲ့ Jenny တို့ စုံတွဲတစ်တွေ သရဲတွေ၊ စုန်းမတွေနဲ့ ဘယ်လိုတွေ သွေးထွက်သံယို သတ်ပုတ်ကြရမလဲ ဆိုတာကို ရယ်ရယ်မောမော ကြည့်ရမယ့် ကားလေးပါ။ ဒီကားက ပုံမှန် သရဲကားတွေလို ကြောက်စရာကြီးတော့ မဟုတ်ဘူး။ "Shaun of the Dead" တို့ "Tucker and Dale vs. Evil" တို့လိုမျိုး သွေးထွက်သံယိုတွေ ကြားကနေ ဟာသတွေ ဖောက်သွားတဲ့ ပုံစံမျိုးပါ။ မင်းသား Chris Mayers နဲ့ မင်းသမီး Haley Leary တို့ စုံတွဲကလည်း သရုပ်ဆောင် တော်တော်ပီပြင်သလို၊ ရပ်ကွက်လူကြီး Jerry နေရာမှာ သရုပ်ဆောင်ထားတဲ့ လူရွှင်တော် Julian Smith ရဲ့ ဇာတ်ရုပ်ကလည်း တော်တော်လေး ရယ်ရပါတယ်။ အခုခေတ်မှာ အိမ်တစ်လုံး ဝယ်နိုင်ဖို့ဆိုတာ အတားအဆီးတွေ၊ စာချုပ်စာတမ်း ရှုပ်ထွေးမှုတွေ အရမ်းများတဲ့ ကိစ္စဖြစ်နေတော့ "အိမ်ပိုင်ဆိုင်ဖို့အတွက် ငရဲကကောင်တွေနဲ့ သတ်ရတာကမှ ပိုတန်ဦးမယ်" ဆိုတဲ့ သဘောမျိုးကို သရော်ထားတာကလည်း အိုင်ဒီယာ တော်တော်မိုက်ပါတယ်။ ကားချိန်ကလည်း ၇၄ မိနစ်လောက်ပဲ ရှိတာဆိုတော့ လုံးဝ အချိန်ဆွဲတာတွေ မရှိဘဲ အစကနေ အဆုံးထိ အက်ရှင်တွေ၊ ဟာသတွေနဲ့ တောက်လျှောက် ကြည့်လို့ကောင်းပါတယ်။ ပေါက်ပေါက်ဆုပ်လေး စားရင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ချင်တဲ့ သူတွေအတွက်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးပါပဲ။
Review Crd