

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Jurassic World Rebirth (2025)
IMDb Rating (6.2) / Rotten Tomatoes (51%)
စောင့်မျှော်နေကြတဲ့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jurassic World Domination ရဲ့
အဆက် ထွက်ရှိလာတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ အားလုံးရဲ့ အချစ်တော် မမ Scarlett Johansson ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒါရိုက်တာ Gareth Edwards ရိုက်ကူးထားပြီး Scarlett Johansson,Mahershala Ali , Jonathan Bailey, Rupert Friend စတဲ့
သရုပ်ဆောင်များစွာ ပါဝင်ထားပြီး IMDb rating ကတော့ 6.2 ပါ။
ဇာတ်လမ်းအကျဉ်း
Jurassic World Domination(2022) အပြီး 5 နှစ် အကြာ timeline မှာ ဇာတ်အိမ်တည်ထားပြီး ဒီတစ်ခါမှာတော့ InGen ရဲ့ လျှို့ဝှက်သုတေသနစခန်းဟောင်းတစ်ခုဖြစ်တဲ့
ကျွန်းတစ်ကျွန်းပေါ်ကို ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဖွဲ့ကာ လူသားမျိုးနွယ်အတွက် အသက်ကယ်ဆေးတစ်မျိုး ဖန်တီးဖို့ရန် ဒိုင်နိုဆောတွေရဲ့ မျိူးဗီဇပစ္စည်းတွေကို ရယူဖို့ ခရီးထွက်ခဲ့ကြပါတယ်။
သူတို့ရဲ့အဓိကမစ်ရှင်ကတော့ အကြီးဆုံးဒိုင်နိုဆောမျိုးစိတ်တွေဖြစ်ကြတဲ့ ရေနေ မိုဆာဆောရက်စ်(Mosasaurus)၊ကုန်းနေ တိုက်တန်နိုဆောရက်စ်(Titanosaurus) နဲ့
ငှက်မျိုးနွယ် ကက်တ်ဇယ်လ်ကိုအာလက်စ်(Quetzalcoatlus) တို့ဆီကနေ မျိုးဗီဇနမူနာတွေ ရယူဖို့ပဲဖြစ်ပါတယ်။
ဒီလိုအန္တရာယ်များတဲ့ ခရီးစဉ်အတွင်းမှာ သူတို့အဖွဲ့ဟာ သင်္ဘောပျက်ပြီး ကျွန်းပေါ်မှာ ပိတ်မိနေတဲ့ အရပ်သားမိသားစုတစ်စုနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အဖွဲ့သားအားလုံးဟာ အသက်ရှင်သန်ဖို့အတွက် အတူတကွ ရင်ဆိုင်တိုက်ခိုက်ကြရပါတော့တယ်။
ကျွန်းပေါ်မှာ မျိုးဗီဇပြောင်းလဲထားတဲ့ အန္တရာယ်များတဲ့ ဒိုင်နိုဆောတွေလည်း ရှိနေတာကြောင့် သူတို့ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြီး လိုချင်တဲ့မျိုးဗီဇနမူနာတွေ ရယူသွားမလဲဆိုတာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Review Crd