Spider-Noir (2026)

Spider-Noir (2026)

May. 25, 2026
Your rating: 0
7 1 vote

Seasons and episodes

1Season 1 May. 25, 2026

Creator

Oren Uziel
Creator

Cast

Nicolas Cage isBen Reilly
Ben Reilly
Lamorne Morris isRobbie Robertson
Robbie Robertson
Li Jun Li isCat Hardy
Cat Hardy
Abraham Popoola isTombstone / Lonnie
Tombstone / Lonnie
Jack Huston isSandman / Flint
Sandman / Flint
Brendan Gleeson isSilvermane
Silvermane

Video trailer

Synopsis

 

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့‌ မေတ္တာရပ်ခံပါသည်

 
Spider-Noir (2026)
+++++++++++

အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး


ဗားရှင်းနှစ်မျိုး တင်ထားပါပြီ...

🎬 Authentic Black & White (အဖြူအမည်းစစ်စစ်): ၁၉၃၀ ခေတ် စုံထောက်ကားရဲ့ Mood ကို အပြည့်အဝရစေမယ့် Classic စတိုင်။

🌈 True-Hue Full Color (အရောင်အပြည့်): ခေတ်ပေါ် ရုပ်ရှင်တွေအတိုင်း ဆေးရောင်စုံနဲ့ အမိုက်စား ခံစားချက်။

ကိုယ်ကြိုက်တဲ့ ဗာရှင်းနဲ့  bioscopeapp မှာ ခံစားလိုက်ပါ.....



Spider-Man ပရိသတ်တွေအတွက် တကယ့်ကို မိုက်မယ့် "Spider-Noir" live-action စီးရီးအသစ် ထွက်လာပါပြီ။ 

၂၀၁၈ တုန်းက Spider-Man: Into the Spider-Verse ကာတွန်းကားမှာ အသံသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသားကြီး

 Nicolas Cage ကပဲ ဒီစီးရီးမှာ လူကိုယ်တိုင် ပြန်လည်ပါဝင်လာတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောနေတဲ့ ပုံမှန် Spider-Man ကားတွေနဲ့မတူဘဲ

 ၁၉၃၀ ပြည့်လွန်နှစ်တွေက နယူးယောက်မြို့ကြီးရဲ့ မှောင်မိုက်ပြီး စုံထောက်ဆန်ဆန် (Noir aesthetic) အရသာကို အပြည့်အဝ ခံစားရမယ့် ကားမျိုးပါ။


ဇာတ်လမ်းအကျဉ်း
+++++++++

ဒီဇာတ်လမ်းက ပုံမှန် Peter Parker အကြောင်း မဟုတ်ပါဘူး။

 ဒီစကြဝဠာမှာ သူ့နာမည်က Ben Reilly ပါ။ အသက်နည်းနည်းရလာပြီဖြစ်တဲ့ Ben ဟာ အတိတ်က နယူးယောက်မြို့ရဲ့ တစ်ဦးတည်းသော 

စူပါဟီးရိုး (The Spider) အဖြစ်ကနေ အနားယူထားပြီး သာမန် ပုဂ္ဂလိက အလွတ်စုံထောက်ကြီးအဖြစ် အလုပ်လုပ်နေတာပါ။ 

ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံတွေ့ရပြီးနောက်မှာတော့ သူ့ရဲ့ အတိတ်က ဟီးရိုးဘဝကို မလွှဲမရှောင်သာ 

ပြန်လည်ရင်ဆိုင်ရမယ့် အကြောင်းကို လျှို့ဝှက်ဆန်းကြယ် စုံထောက်ကားစတိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Spider-Man Noir ဆိုတဲ့ ကာရိုက်တာက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel ရဲ့ Noir Universe (Earth-90214) ကနေ စတင်မွေးဖွားလာတာပါ။

ကောမစ်ထဲမှာတော့ ပင့်ကူကိုက်ခံရတာက သာမန် ဓာတ်ရောင်ခြည်သင့် ပင့်ကူမဟုတ်ဘဲ ရှေးဟောင်း ပင့်ကူနတ်ဘုရား ရုပ်တုကနေတစ်ဆင့် အစွမ်းရလာတာမျိုးပါ။

ရိုးရိုး Spider-Man တွေလို မဟုတ်ဘဲ သေနတ်တွေလည်း သုံးတယ်၊ လူဆိုးတွေကို နှိမ်နှင်းတဲ့နေရာမှာလည်း ပိုပြီး ကြမ်းတမ်းပါတယ်။

ကောမစ်ထဲမှာ Uncle Ben ကို သတ်သွားတဲ့ လူသတ်ကောင်က The Vulture ပါ (ကော်မစ်ထဲက Vulture က လူသားစားတဲ့ ဘီလူးတစ်ကောင်လို

 ပုံစံမျိုးပါ)။

 စီးရီးထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဗီလိန်တွေဖြစ်တဲ့ Sandman (Flint Marko), Tombstone (Lonnie Lincoln) နဲ့

 Silvermane တို့လို လူဆိုးဂိုဏ်းခေါင်းဆောင်တွေ ပါဝင်လာပါတယ်။


မင်းသားကြီး Nicolas Cage က သူ့ရဲ့ သရုပ်ဆောင်ပုံကို နာမည်ကြီး ဂန္ထဝင်မင်းသား Humphrey Bogart ရဲ့ စုံထောက်စတိုင် ၇၀ ရာခိုင်နှုန်းနဲ့ 

ကာတွန်းဇာတ်ကောင် Bugs Bunny ရဲ့ နောက်ပြောင်တတ်တဲ့စတိုင် ၃၀ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်

Showrunner ဖြစ်တဲ့ Oren Uziel က ငယ်ငယ်တုန်းက Sam Raimi ရိုက်ခဲ့တဲ့ Tobey Maguire ရဲ့ Spider-Man ကားတွေကို အရမ်းကြိုက်ခဲ့တာမို့ 

အဲဒီကားတွေရဲ့ အငွေ့အသက်တချို့ကိုလည်း ဒီစီးရီးထဲမှာ ဂါရဝပြု ထည့်သွင်းထားပါတယ်။


ဒီစီးရီးရဲ့ အထူးခြားဆုံး အချက်ကတော့ Prime Video မှာ "Authentic Black & White" (အဖြူအမည်းစစ်စစ်) ရော "True-Hue Full Color" 

(အရောင်အပြည့်) ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လွှင့်တင်ထားတာပါ။ 

ကိုယ်ကြိုက်တဲ့ ဖီလင်နဲ့ ရွေးကြည့်လို့ ရပါတယ်။

ဒီဇာတ်ကောင်က Spider-Verse ကားတွေနဲ့ ဆက်စပ်မနေဘဲ သီးသန့်ရပ်တည်နေတဲ့ စကြဝဠာတစ်ခုကပါ။ 

ပြီးတော့ မူပိုင်ခွင့်တွေနဲ့ ဇာတ်လမ်းကွဲပြားမှုတွေကြောင့် Peter Parker လို့ နာမည်မပေးဘဲ Ben Reilly လို့ နာမည်ပေးထားတာပါ။


အပိုင်း ၈ ပိုင်းပါဝင်မယ့် ဒီစီးရီးကတော့ လျှို့ဝှက်ဆန်းကြယ် စုံထောက်ကား ကြိုက်တဲ့သူတွေရော၊ ခပ်ကြမ်းကြမ်း ဟီးရိုးကား ကြိုက်တဲ့သူတွေပါ 

သဘောကျမယ့် ကားကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲဗျာ။
Original title Spider-Noir
TMDb Rating 9.021 71 votes
First air date May. 25, 2026
Last air date May. 25, 2026
Seasons 1
Episodes 8

Similar titles

F4 Thailand: Boys Over Flowers (2021)
Game of Thrones (2011)
A Knight of the Seven Kingdoms
The Killer’s Shopping List (2022)
Miss Monte-Cristo (2021)
My Name (2021)
Hawkeye (2021)
The Walking Dead (2010)
The Trauma Code: Heroes on Call (2025)
Business Proposal (2022)
Kingdom (2019)
Loki (2021)