
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Ground Zero (2025) "ဂရောင်းဇီးရိုး" Tiger 3 ထဲက ဇာတ်ပို့ အမ်ရန်ဟာရှ်မီ နဲ့ နာမည်ကြီးမာရသီရုပ်ရှင်နဲ့ ဟင်ဒီတီဗွီမင်းသမီး ဆိုင်တမ်ဟန်ကာ တို့ပါဝင်ထားတဲ့ အက်ရှင်ရုံကားအသစ်ကို တင်ဆက်လိုက်ပါတယ် ဖြစ်ရပ်မှန်အခြေခံစစ်ကားဆိုတော့ ထုံးစံအတိုင်း အိန္ဒိယနဲ့ ပါကစ္စတန်ဇာတ်လမ်းပဲပေါ့ ၂၀၀၁ ပါလီမန်တိုက်ခိုက်မှုကို အခြေတည်ထားတယ်လို့လည်း သိရပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကျောက်တုံးနဲ့ပေါက်ရုံတင် အားမရလို့ အကြမ်းဖက်တွေက ၁၆ နှစ်အရွယ်လောက် ကောင်လေးတွေကို လွတ်လပ်ရေးတရားဟောကာ သေနတ်ပေးကိုင်ပြီး လူစည်တဲ့နေရာတွေက အိန္ဒိယစစ်သားတွေကို လုပ်ကြံခိုင်းပါတယ် သူတို့ရည်ရွယ်ချက်အတိုင်း အကြောက်တရားဖြန့်ပြီးမှ မဟာအကြံအစည်ကြီးတစ်ခုကိုလည်း စီစဉ်လျက်ရှိရာမှာ အိန္ဒိယစစ်တပ်က BSF အရာရှိ ဒူဘေးတို့က ဘယ်သို့ဘယ်ပုံ တန်ပြန်ကာကွယ်သွားမှာလဲ ဒီအက်ရှင်ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါဦး
Review Crd