
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
The Mortuary Assistant (2026) Netflix of Horror အဖြစ်တင်စားကြတဲ့ Shudder ရဲ့ ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အနေနဲ့ ရေဘတ်ကာရိုက်ဟာ ရေးဗားဖီးလ် အလောင်းပြင်ဌာနမှာ အလုပ်သင်အဖြစ် အလုပ်ဝင်နေတာပါ။ တစ်ညမှာတော့ ပိုင်ရှင်ဖြစ်သူ ရေမွန်က အရေးပေါ်အလောင်းပြင်ဖို့ရှိလို့ အလုပ်ချိန်မဟုတ်ပဲ သူ့ကိုခေါ်ယူခဲ့ပါတယ်။ အဲ့ဒီညဟာ သူ့အတွက် အိမ်မက်ဆိုးတွေ စတင်ရာညပါပဲ။ တစ်ခါမှမကြုံဖူးခဲ့တဲ့ ထူးခြားဖြစ်စဉ်တွေ၊နိုးထလာတဲ့အလောင်းကောင်တွေ၊ ထိတ်လန့်ခြောက်ခြားဖွယ်ခြောက်လှန့်မှုတွေနဲ့တစ်ညလုံးရုန်းကန်ရင်း ဒီဖြစ်ရပ်ဆိုးတွေရဲ့အဖြေကိုရှာဖွေပြီး လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ 2022 တုန်းက ထွက်ခဲ့တဲ့ indie horror game ဖြစ်တဲ့ The Mortuary Assistant ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ မူရင်းဂိမ်းအငွေ့အသက်မပျောက်အောင် ဖန်တီးထားတာမို့ ဂိမ်းဝါသနာရှင်တွေကြိုက်ကြသလို ဟော်ရာပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့တဲ့ ဇာတ်ကားပါ။
Review Crd