
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
96 Minutes (2025)
တစ်ကားလုံးလိုလိုစိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ ရထားပေါ်ကရာချီတဲ့အသက်တွေအတွက် သေရေးရှင်ရေးအရေးကြီးနေတဲ့ (၉၆)မိနစ်ကိုပုံဖော်ထားတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူစုန့်ခန်းရန့်နဲ့ သူ့ရဲ့ဇနီးလောင်းဟွမ်ရှင်းတို့ဟာ မထင်မှတ်ပဲ ဗုံးဆင်ထားတဲ့အမြန်ရထားကိုစီးမိခဲ့ပါတယ်။ ဒီအချိန်ကစပြီးတော့ ဒီခရီးစဉ်ဟာငရဲခရီးစဉ်လိုဖြစ်လာပါတယ် ဗုံးကိုဖြုတ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှပဲ ဒီဗုံးဟာသာမန်ရိုးရှင်းတဲ့ဗုံးမဟုတ်ပဲ ရထား(၂)စင်းကဗုံးတွေကိုချိတ်ဆက်ထားတဲ့ ထူးခြားတဲ့ဗုံးဖြစ်နေပါတယ် ရထားအရှိန်လျှော့ရင် countdown ကပိုမြန်လာပြီးတော့ ဖြုတ်ပြန်ရင်လဲ တစ်ဖက်ရထားကပေါက်ကွဲမှာဖြစ်ပါတယ်။ ရထား(၂)တွဲလုံးက ခရီးသွားပြည်သူတွေကိုကယ်ဖို့က လုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်လာပါတယ် လူ့အသက်တွေနဲ့ရင်းလာရတဲ့အခါ ဘယ်သူ့ကိုကယ်မလဲဆိုတဲ့အဖြေကို ဘယ်လိုရွေးချယ်ရပါ့မလဲ......
Review Crd