
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Whistle (2026) 4K ++++++ IMDb Rating (6.0) / Rotten Tomatoes (62%) ဒီတစ်ခါတော့ Final Destination ကားတွေလိုမျိုး သေမင်းက လိုက်-တ်တဲ့ ဇာတ်လမ်းတွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့စေမယ့် Whistle ဆိုတဲ့ ဟော်ရာကားသစ်လေး တင်ပေးထားပါတယ်။ ဒီကားကို The Nun ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Corin Hardy က ရိုက်ကူးထားပြီး၊ Logan ကားထဲက ကောင်မလေး Dafne Keen က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++ ဆယ်ကျော်သက် ကျောင်းသားတစ်စုဟာ သူတို့ကျောင်းက သေသွားတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ လော့ကာထဲကနေ ရှေးဟောင်း အက်ဇ်တက် (Aztec) သေမင်းခရာ (Death Whistle) ဦးခေါင်းခွံရုပ်လေးတစ်ခုကို သွားတွေ့ကြရော။ စပ်စုပြီး အဲဒီခရာကို မှုတ်လိုက်တဲ့အခါမှာတော့ တကယ့်ကို ဆိုးရွားတဲ့ ကျိန်စာသင့်ပါတော့တယ်။ ဒီခရာရဲ့ ကျိန်စာက တော်တော်လေး ကြမ်းတယ်။ ခရာမှုတ်လိုက်တဲ့သူတွေဆီကို သူတို့အနာဂတ်မှာ သေရမယ့်ပုံစံအတိုင်း သေမင်းက အခုချက်ချင်း ရောက်လာပြီး လိုက်သတ်တာပဲ။ ဥပမာ - အသက် ၄၀ ကျမှ ကားတိုက်ခံရပြီး သေမယ့်သူဆိုရင် အခုချက်ချင်း ကားတိုက်ခံရသလိုမျိုး အရိုးတွေကျိုးပြီး သေရော။ အသက်ကြီးမှ သေမယ့်သူဆိုရင်လည်း ချက်ချင်း အိုမင်းရင့်ရော်ပြီး သေသွားတာမျိုးပေါ့။ အဲဒီတော့ ဒီကလေးတွေတစ်စု သူတို့ဆီရောက်လာမယ့် သေမင်းလက်ကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ... ခရာရဲ့ ကျိန်စာကိုရော ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။ ကိုယ့်အနာဂတ်က ကိုယ့်ကို ပြန်လာသတ်တယ်ဆိုတဲ့ အိုင်ဒီယာလေးက တော်တော်မိုက်သလို၊ သွေးထွက်သံယို အခန်းတွေ၊ လန့်စရာအခန်းတွေလည်း တော်တော်လေးပါလို့ ဇာတ်ရှိန်တက်တက်နဲ့ ကြည့်ရမှာပါ။ ဇာတ်ကောင်တွေ ဘယ်လိုအ-တ်ခံရမလဲဆိုတာကို Final Destination လိုမျိုး ရင်ခုန်ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ ဟော်ရာကားတစ်ကားအဖြစ် ညွှန်းပေးလိုက်ပါတယ်ဗျာ။
| Download | Server | Quality | Size |
|---|---|---|---|
| Download | GDrive | 720p | 811 MB |
| Download | Mega | 720p | 811 MB |
| Download | Mediafire | 720p | 811 MB |
| Download | TeraBox | 720p | 811 MB |
| Download | GDrive | 1080p | 1.67 GB |
| Download | Mega | 1080p | 1.67 GB |
| Download | Mediafire | 1080p | 1.67 GB |
| Download | TeraBox | 1080p | 1.67 GB |
| Download | GDrive | 4K SDR | 5.54 GB |
| Download | Mega | 4K SDR | 5.54 GB |
| Download | Mediafire | 4K SDR | 5.54 GB |