
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Once We Were Us (2025) ************************* IMDb Rating (7.3) ရုံဝင်သူ 2.5 သန်းကျော် စံချိန်တင်ခဲ့ပြီး မင်းသမီး Mun Ka-Young ကိုလည်း "Nation's Ex-Girlfriend" ဆိုတဲ့ Title ကိုပါ ရရှိစေခဲ့တဲ့အထိ ကိုးရီးယားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ရုံတင် ရိုမန့်စ်ကားသစ်လေး ထွက်ရှိလာပါပြီ။ ၂၀၁၈ ခုနှစ်ထွက် Chinese movie 'Us and Them' ရုပ်ရှင်ကို ကိုးရီးယားရသလေးနဲ့ ပြန်လည်ခံစားရမှာဖြစ်ပြီး Mun Ka-Young နဲ့အတူ D.P. ထဲက မင်းသား Koo Kyo-Hwan က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - နေရပ်ပြန်တဲ့ ကားပေါ်မှာ အမှတ်မထင် ဘေးချင်းကပ်လျက် ထိုင်မိရာကနေ စတင်သိကျွမ်းခဲ့ကြတဲ့ အီအွန်းဟို (Koo Kyo-Hwan) နဲ့ ဟန်ဂျောင်ဝန်း (Mun Ka-Young) တို့ဟာ အပြန်အလှန် အိပ်မက်ချင်း ဖလှယ်ရင်း မှီခိုအားထားရင်းကနေ ချစ်သူတွေအဖြစ်ကို အဆင့်တက်သွားခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ရယ်မောလိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်လောကလုံးကို ပိုင်ဆိုင်ထားတဲ့အလား ပူပူနွေးနွေး ချစ်ခဲ့ကြပေမဲ့လည်း လောကဓံဆိုတဲ့ တံတိုင်းကြီးရှေ့မှာ မတတ်သာတဲ့အဆုံး ကိုယ်စီ မတူညီတဲ့လမ်းကိုပဲ ဆက်လျှောက်ဖို့ ရွေးချယ်လိုက်ကြရပါတော့တယ်။ အဲဒီလိုနဲ့ ၁၀ နှစ်ကြာတဲ့နောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေတဲ့ ညတစ်ညမှာ အွန်းဟိုနဲ့ ဂျောင်ဝန်းတို့ ပြန်လည် ဆုံစည်းဖြစ်ကြတဲ့အခါမှာတော့... အချစ်စစ်နဲ့ ဆုံခဲ့ဖူးပေမဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့် လွဲချော်ခဲ့ရသူများအတွက် ရင်ထဲ တသသဖြစ် ကျန်ခဲ့စေမဲ့ ဇာတ်ကားကောင်းလေးမို့လို့ အခုပဲ လက်မလွတ်တမ်း ကြည့်ရှုကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။