
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
Anaconda (2025) +++++++ ဒီကားဟာ ၁၉၉၇ ခုနှစ်က နာမည်ကြီးခဲ့တဲ့ မူရင်း Anaconda ရုပ်ရှင်ကို အခြေခံထားပေမယ့် (Reboot) အနေနဲ့ ဟာသနှောပြီး ရိုက်ကူးထားတဲ့ Action Adventure Comedy ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Jack Black, Paul Rudd, Daniela Melchior, Steve Zahn တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Doug နဲ့ Griff တို့ဟာ အသက်အရွယ်ရလာပြီး ဘဝမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ တူညီတဲ့အချက်ကတော့ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး 'Anaconda' ရုပ်ရှင်ကို အရူးအမူး စွဲလမ်းကြတာပါပဲ။ ဒီလိုနဲ့ သူတို့ဘဝရဲ့ အချိုးအကွေ့တစ်ခုအနေနဲ့ သူတို့အရမ်းကြိုက်တဲ့ ဒီရုပ်ရှင်ကို ကိုယ်တိုင် ပြန်လည်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရုပ်ရှင်ရိုက်ဖို့အတွက် သူငယ်ချင်းအဖွဲ့နဲ့အတူ အမေဇုန်တောနက်ထဲကို ထွက်ခွာခဲ့ကြပါတယ်။ ဒါပေမဲ့ အမေဇုန်တောထဲ ရောက်တဲ့အခါမှာတော့ သူတို့ထင်ထားသလို ရိုက်ကူးရေးက မဖြောင့်ဖြူးတော့ပါဘူး။ ရိုက်ကူးရေးအတွက် ငှားရမ်းထားတဲ့ အရာတွေ လွဲချော်ကုန်ပြီး၊ နောက်ဆုံးမှာတော့ တကယ့် အနာကွန်ဒါ မြွေကြီးအစစ်နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ... သူတို့ရဲ့ အပျော်တမ်း ရုပ်ရှင်ရိုက်ကူးရေး ခရီးစဉ်ဟာ အသက်လုပြေးရတဲ့ ပွဲကြီး ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားက ပရိသတ်တွေ ရင်းနှီးပြီးသား မြွေကားတွေလို သည်းထိတ်ရင်ဖို သက်သက်သွားတာမျိုးမဟုတ်ဘဲ "ရုပ်ရှင်ထဲမှာ ရုပ်ရှင်ပြန်ရိုက်တဲ့ ပုံစံမျိုး တင်ဆက်ထားတာက ဆန်းသစ်ပါတယ်။ Jack Black နဲ့ Paul Rudd တို့ရဲ့ ဟာသ သရုပ်ဆောင်ချက်တွေက ဇာတ်ကားကို အသက်ဝင်စေသလို၊ ဟာသကားဆိုပေမယ့် မြွေကြီးနဲ့ ရင်ဆိုင်ရတဲ့ အခန်းတွေမှာလည်း ရင်ခုန်စရာကောင်းအောင် ရိုက်ပြထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ အမေဇုန်တောတွင်း စွန့်စားခန်းကားတစ်ကား ဖြစ်ပါတယ်။