
BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
A Knight of the Seven Kingdoms (2026) +++++++++++++++++++++++++++++++++++++ ဇာတ်လမ်းအကျဉ်း +++++++++ ဇာတ်လမ်းဟာ Ser Duncan the Tall (Dunk) လို့ခေါ်တဲ့ အရပ်ရှည်ရှည်၊ ရိုးသားဖြူစင်ပြီး နာမည်မရှိသေးတဲ့ လေလွင့်သူရဲကောင်း (Hedge Knight) တစ်ယောက်အကြောင်းကို အဓိကထားထားပါတယ်။ သူဟာ သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့အတွက် Westeros ပြည်အနှံ့ ခရီးနှင်နေသူပါ။ သူဟာ အရပ် ၇ ပေနီးပါး မြင့်ပါတယ်။ သူဟာ တခြားသူရဲကောင်းတွေလို မင်းစိုးရာဇာမျိုးနွယ် မဟုတ်တဲ့အတွက် အရမ်းရိုးသားပြီး သာမန်လူတန်းစားတွေအပေါ် စာနာစိတ်ရှိပါတယ်။ နောက်ပိုင်း Westeros သမိုင်းမှာ အတော်ဆုံး Lord Commander of the Kingsguard တစ်ယောက် ဖြစ်လာမယ့်သူပါ။ တစ်နေ့မှာ သူဟာ Egg လို့ခေါ်တဲ့ ထူးဆန်းတဲ့ ကတုံးလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ Egg ဟာ Dunk ရဲ့ လက်ထောက် (Squire) အဖြစ် လိုက်ပါလာခဲ့ပေမဲ့ တကယ်တော့ Egg ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Egg ဟာ Targaryen မင်းသားတစ်ပါး ဖြစ်နေတာပါပဲ။ Egg ရဲ့ နာမည်အရင်းက Aegon Targaryen ဖြစ်ပြီး နောင်တစ်ချိန်မှာ Aegon V (မင်းကောင်းမင်းမြတ်) အဖြစ် နန်းတက်မယ့်သူပါ။ Targaryen တွေရဲ့ ထူးခြားချက်ဖြစ်တဲ့ "ငွေရောင်ဆံပင်" ကို ဖုံးကွယ်ထားဖို့ ဆံပင်ကို အမြဲရိတ်ထားရတာကြောင့် ဥ လို့ ခေါ်ကြတာပါ။ ဒီဇာတ်လမ်းဟာ Blackfyre Rebellion (ထီးနန်းလုတဲ့ ပြည်တွင်းစစ်) ပြီးဆုံးပြီးနောက်ပိုင်းမှာ ဖြစ်ပွားတာပါ။ House of the Dragon ခေတ်ကလို နဂါးတွေ မရှိတော့ပါဘူး။ နဂါးတွေ သေကုန်ကြလို့ Targaryen တွေဟာ နဂါးမရှိဘဲ သူတို့ရဲ့ အာဏာကို ထိန်းထားရတဲ့ ခေတ်ပါ။ ပြည်တွင်းစစ်ပြီးစ ဖြစ်တာကြောင့် တစ်နိုင်ငံလုံး အနည်းငယ် ငြိမ်သက်နေပေမဲ့ မှူးမတ်တွေကြားမှာ "ဘယ်သူက သစ္စာရှိလဲ၊ ဘယ်သူက သူပုန်လဲ" ဆိုတဲ့ သံသယတွေ ရှိနေဆဲကာလ ဖြစ်ပါတယ်။ ဒီမတူညီတဲ့ လူနှစ်ယောက်ရဲ့ ခရီးစဉ်တစ်လျှောက်မှာ Westeros ရဲ့ နိုင်ငံရေး ကစားကွက်တွေ၊ သူရဲကောင်းပြိုင်ပွဲတွေနဲ့ မမျှော်လင့်ထားတဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ GoT လို စစ်ပွဲကြီးတွေ၊ နဂါးကြီးတွေထက် လူသားဆန်တဲ့ ဆက်ဆံရေးနဲ့ သူရဲကောင်းပီသမှုကို ပိုဦးစားပေးထားပါတယ်။ အရပ် ၇ ပေနီးပါးရှိတဲ့ Dunk နဲ့ သေးသေးကွေးကွေး Egg တို့ရဲ့ ညီအစ်ကိုလို၊ ဆရာတပည့်လို သံယောဇဉ်က ဇာတ်လမ်းရဲ့ အသက်ပါ။ တခြား GoT စီးရီးတွေလောက် အမှောင်မကျဘဲ နည်းနည်းပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ စွန့်စားခန်းဆန်တဲ့ ရသကို ပေးစွမ်းမယ်လို့ ထင်ရပါတယ်။
Review Crd