

BS ရေရှည်ရပ်တည်နိုင်ရန်အတွက် BS Website တွင်တိုက်ရိုက်ကြည့်ရှုဒေါင်းယူခြင်းဖြင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါသည်
The Gorge (2025) မြန်မာစာတန်းထိုး, The Gorge (2025) MMUSB
လတ်တလော ရေပန်းစားနေတဲ့ အက်ပဲTV+ က The Gorge ဆိုတဲ့ဇာတ်ကားလေးလာပါပြီ။ Whiplash မင်းသား Miles Teller နဲ့ The Queen’s Gambit ကဉာဏ်ကြီးရှင်မမ Anya Taylor-Joy တို့က အဓိကဇာတ်ကောင်တွေအနေနဲ့ သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အဖွဲ့အစည်းတစ်ခုကနေပြီး နှစ်စဥ် စစ်သား ၂ယောက်စီကို ချောက်နက်ကြီးတစ်ခုရဲ့ တစ်ဖက်ခြမ်းစီမှာ ကင်းထောက်ခန့်လေ့ရှိပါတယ်။ အနောက်ဖက်ခြမ်းအတွက် Levi (Miles Teller) ကိုခန့်ထားပြီး အရှေ့ဖက်ခြမ်းမှာတော့ ရုရှားလေသံဝဲဝဲနဲ့ Drasa (Anya Taylor-Joy) ကိုခန့်ထားခဲ့ပါတယ်။ တာဝန်ကျစနိုက်ပါအချင်းချင်း ဆက်သွယ်ခွင့်မပေးထားပေမယ့် Levi နဲ့ Drasa တို့ကတော့ သံယောဇဥ်တိုးပြီး မေတ္တာမျှခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Levi က Drasa ဆီ သွားတွေ့ခဲ့ပြီး အပြန်မှာ မတော်တဆဖြစ်ပြီး ချောက်နက်ထဲပြုတ်ကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ Drasa ကပါ ချောက်ထဲဆင်းကယ်ရင်း ချောက်နက်ကြီးထဲက Hollow Men ဆိုတဲ့သတ္တဝါတွေရဲ့ လျှို့ဝှက်ချက်ကိုသိရှိသွားတဲ့အခါမှာတော့…Action နဲ့ Romance ကား ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာသေချာပါတယ်။
Review Credit