Dunki (2023) မြန်မာစာတန်းထိုး
ပြည်ပကို အကြောင်း အမျိုးမျိုး နဲ့ ရောက်လာတဲ့ အခါ တရားမဝင် ခိုးဝင်နေထိုင်ရသူတွေ ၊ ဗီဇာမဲ့ နိုင်ငံမဲ့ ဖြစ်နေရသူတွေ ၊ ရွေ့ပြောင်းလုပ်သားတွေ စသည်ဖြင့် အိမ်အလွမ်း ဝေဒနါတွေ တိုးစေတဲ့ ဇာတ်လမ်းတခုပါပဲ၊ အမိမြေကို ဇာတိမြေကို နေထိုင်ရာ အိမ် ကို ပြန်ရတဲ့ ခံစားချက် ၊ ပြန်ချင်တဲ့ ခံစားချက် ကို သင်ရပါလိမ့်မယ်။
PK ၊ 3idiots ကားများရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ရာ့ဂျ်ကူးမားရဲ့ လက်ရာ ဖြစ်ပြီး ၊ မင်းသား ရှရွတ်ခန်း ၊ မင်းသမီး တာ့ပ်ဆီး တို့ပါဝင်ပါတယ်။
ဇာတ်ကားနာမည် ဒန်ကီ ဆိုတာ ပန်ချာပီဘာသာ စကား ဖြစ်ပြီး အဓိပ္ပါယ်က တော့ တရားမဝင် ခိုးဝင်နေထိုင်သူ ဖြစ်ပါတယ်။
မိဘ ဆွေမျိုးသားချင်း ဇနီး ခင်ပွန်း မိတ်ဆွေ သူငယ်ချင်း ပတ်ဝန်းကျင်တွေ ရဲ့ ထုံးနှောင်ဖွဲ့ထားတဲ့ ချစ်ခြင်းတရားကိုလည်း တွေ့နိုင်သလို ၊ လူတွေရဲ့ ဆန္ဒကို စီးပွားရှာဖို့ အသင့်ပြင်ထားသူတွေလည်း တွေ့ရပါလိမ့်မယ်။
ရယ်လဲ ရယ်စရာတွေ ပါသလို မောစရာတွေလည်း ပါပါတယ် ၊ သည့်ထက်ပြောရရင် အသည်းမခိုင်သူ ငိုရပါလိမ့်မယ်။